Uni
ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)
အခန်း (၄၃၀) သဘာ၀နှင့် လူသား
ကျောက်စိမ်းရောင်တောက်နေသည့် ဝါးရွက်များသည် လေထဲတွင် ယိမ်းထိုးနေပြီး ဆန်းလျန်သည် ဝါးရွက်တစ်ရွက်ကို လက်ညိုးနှင့်လက်ခလယ်ကြားတွင် ညှပ်ကာ ဖမ်းယူလိုက်လေသည်။
ချန်ကျင်းချင်သည် ဝါးရွက်လေးမှ အစင်းကြောင်းလေးများကို အသေးစိတ် မြင်တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ချန်ကျင်းချင်မှာ အနည်းငယ်လည်း အံ့အားသင့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ကြင်စင်ရောင်အလင်းများသည် ဆန်းလျန်၏ ညာဘက်လက်တွင် စုစည်းသွားပြီး ဆန်းလျန်၏ လက်ချောင်းများဆီသို့ စီးဆင်းသွားသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
လေထဲတွင် ဝါးရွက်ကြွေများ များစွာ ပျံ့လွင့်နေသော်လည်း ဆန်းလျန်၏ လက်ထဲမှ ဝါးရွက်လေးကတော့ တစ်မူထူးခြားနေလေသည်။
ဆန်းလျန်၏ လက်ထဲတွင် ဝါးရွက်လေးနှစ်ရွက်ရှိနေလေသည်။
ဆန်းလျန်က ချန်ကျင်းချင်ကို စိုက်ကြည့်လိုက်ပြီး...
"ကျင်းချင် ၊ ဒီဝါးရွက်နှစ်ရွက်ရဲ့ ခြားနားချက်ကို ပြောပြနိုင်မလား"
ချန်ကျင်းချင်က ဆန်းလျန်လက်ထဲမှ ဝါးရွက်နှစ်ရွက်ကို ကြည့်လိုက်သည်။ ဝါးရွက်နှစ်ရွက်မှာ အရွယ်အစား ၊ အရောင် ၊ ပုံသဏ္ဍန်တစ်ခုမကျန် တူညီနေသည့်အတွက် ခြားနားချက်ကို သူ မတွေ့နိုင်ခဲ့ပါ။
ချန်ကျင်းချင်က ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်တော် မပြောတတ်ဘူး"
ဆန်းလျန်က ခပ်ပါးပါးလေးတစ်ချက်ပြုံးလိုက်ရင်း…
"ကဲ ဒီဝါးရွက်လေးနှစ်ရွက်ကို ကျုပ်လက်ဖဝါးပေါ်မှာ အတူတူတင်ထားလိုက်မယ် ၊ မင်း ထပ်ပြီး ခွဲခြားကြည့်ပါဦး"
ဆန်းလျန်က သူ၏လက်ဖဝါးများကို ဖြန့်လိုက်ကာ လက်ဖဝါးနှစ်ခုထက်တွင် ဝါးရွက်လေးနှစ်ခုကို တစ်ခုစီ တင်ထားလိုက်လေသည်။
![](https://img.wattpad.com/cover/320793373-288-k918035.jpg)
VOCÊ ESTÁ LENDO
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasiaZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024