Book 30 Chatper 411

69 7 0
                                    

Uni

အခန်း (၄၁၁) သုံးပေနဲ့သုံးလက်မမိုးရေရဖို့အတွက် ရေတစ်အိုးခပ်သွားရုံနဲ့လုံလောက်တယ်

ချန်ကျင်းချင်မှာ သူ၏ခန္ဓာကိုယ်မှာ ငှက်မွေးလေးတစ်ပင် အလား လွတ်လပ် ပေါ့ပါးနေသည်ကို သတိပြုလိုက် မိလေသည်။ သို့သော် သူကံကောင်း ခဲ့သည်ကိုတော့ သူသိရှိခြင်း မရှိခဲ့ပါ။ လောကတစ်ခွင်ကို သိမြင်နိုင်သည့် ဓာတ်ဖန်လုံးကို မှော်ဆရာမက သူ့ကို လက်ဆင့် ကမ်းပေးခဲ့သည့်တိုင် ဆန်းလျန် ဆိုသည့်လူက တွေ့မြင်ချင်တိုင်း တွေ့မြင်နိုင်သည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် သူက ဆန်းလျန်၏ အသက်ရှူ ကျင့်စဉ်ကိုပင် သင်ယူနိုင်ခဲ့သေးသည်။

အဆင့်မြင့် တာအိုနတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန် ကဲ့သို့သော လူမျိုးထံမှ အသက်ရှူ ကျင့်စဉ်ကို သင်ယူနိုင်ခြင်းမှာ သူ့ဘဝတစ်ခုလုံး အတွက် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ခိုင်မာသည့် အခြေခံကို ရရှိသွားခြင်းပင်။ သူ့အနေဖြင့် သာမန် ကျင့်ကြံသူ တစ်ယောက် ဆယ်နှစ်ကျင့်ကြံမှ ရရှိနိုင်မည် တန်ခိုးစွမ်းအားမျိုးကို ရရှိသွားခြင်း ဖြစ်လေသည်။

သို့သော် ချန်ကျင်းချင်ကတော့ ထိုအရာများကို နားလည်နိုင်ခြင်း မရှိပါ။ သူက ကျင့်စဉ်လမ်းကိုလည်း နားလည်သူ မဟုတ်သည့် အတွက် သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲများနှင့် ရင်ဆိုင် ရသည်ဟုသာ ထင်မှတ်မိလေသည်။

ချန်ကျင်းချင်မှာ မျေက်တစ်ကောင် အလား သစ်ပင်များထက်တွင် ခုန်ပေါက်ရင်း ပျော်ရွှင် နေမိလေသည်။

ထိုအချိန်မှာပင် ဝတ်ကျောင်းတော် တံခါးပွင့်သွားပြီး ချန်ပေသို ထွက်လာလေသည်။

နှင်းကျနေသည်မှာ ရပ်တန့်သွားခဲ့ပြီ။ သို့သော်... ချန်ကျင်းချင်သည် ချန်ပေသိုကို တွေ့မြင် လိုက်ရသည်နှင့် စိတ်များ ရှုပ်ထွေးကာ ကြောက်ရွံ့ လာမိလေသည်။

သူက ချက်ချင်းပင် သစ်ပင်ထက်မှ ဆင်းလိုက်ပြီး တောင်စောင့်နတ်ကို ဦးညွတ် ဂါရဝ ပြုလိုက်သည်။

ချန်ပေသိုက မျက်မှောင် တင်းတင်းကြုတ် ထားလေသည်။

"မင်းကို တောင်ပေါ်မှာ နေခိုင်းမယ်လို့ မပြောမိဘူးနော်"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now