Uni
အခန်း (၄၈၆) တာ့ရှားဧကရာဇ်ဖြစ်သောကြောင့်
ဝူတင်၏ စိတ်ထဲတွင် ထိတ်လန့် သွားလေသည်။ အနက်ရောင်ဝတ် လူသည် သေရမည်ကို မကြောက်သည့် လူတစ်ယောက် ဖြစ်လေသည်။ သေရမှာကို မကြောက်သည့်လူသည် လောကတွင် ကြောက်စရာ အကောင်းဆုံးပင်။
အနက်ရောင်ဝတ် လူသည် လောကတွင် မည်သည့်အရာကိုမှ ကြောက်တတ်သူ တစ်ယောက် မဟုတ်ပေ။
ထို့ပြင် သူကိုင်ဆောင်သည့် လေးလက်နက်မှာ ထူးခြားသည့် နတ်လက်နက် တစ်ခု ဖြစ်လေသည်။ ထိုလက်နက်ဖြင့် မည်မျှများပြားသည့် လူ့အသက်များကို ဇီဝိန်ခြွေခဲ့ပြီးပြီလဲ မသိနိုင်ပေ။ အရှေ့တိုင်း စစ်သည်တော်များသည် လူတစ်ယောက်ကို လုပ်ကြံ သတ်ဖြတ်သည့် နေရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ကြလေသည်။ ဓားသိုင်းပညာနှင့် လေးအတတ်မှာ သူတို့ အသုံးပြုသည့် ပညာရပ်များဖြစ်ပြီး မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ သူတို့၏ မြားချက်အောက်တွင် ကျဆုံးခဲ့ရသည့် သူများမှာ ဒုနှင့်ဒေးပင်။
အရှေ့တိုင်း စစ်သည်တော်များ၏ ဘိုးဘေးများသည် နေမင်းကိုပင် မကြောက်ဘဲ လေးဖြင့် ခွင်းခဲ့ကြသည်ဟု ဒဏ္ဍာရီများထဲတွင် အဆိုရှိလေသည်။ အရှေ့တိုင်း စစ်သည်တော်များဟု ဆိုလိုက်လျှင် သူတို့၏ သင်္ကေတသည် လေးလက်နက်ပင် ဖြစ်လေသည်။
အနက်ရောင်ဝတ် လူသည် လေးကို တင်လိုက်လေသည်။ လေးညို့ပေါ်တွင် ငွေရောင်မြား တစ်လက်ကို တွေ့မြင်ရလေသည်။ မြားထိပ်သည် ချွန်မြ စူးရှနေပြီး ထိုမြားထိပ်ကို ကြည့်နေသည် ဝူတင်၏ မျက်ဝန်းများသည်ပင် နာကျင်ခြင်းကို စတင်ခံစားလာရသည်။
သို့သော်... ဝူတင်သည် မျက်တောင်တစ်ချက်ပင် မခတ်ရဲပါချေ။ အဘယ်ကြောင့်ဆိုသော် သူတစ်ကြိမ် မျက်တောင်ခတ် လိုက်သည်နှင့် သူ့ဘဝတွင် မည်သည့်အခါမှ မျက်တောင်ခတ်ခွင့် ရတော့မည် မဟုတ်ပေ။
ဝူတင်၏ဓားမှာလည်း တစ်စစီ ပျက်စီးသွားပြီ ဖြစ်လေသည်။ သူ၏လက်ထဲတွင် ဓားရိုးသာ ကျန်တော့သည်။
ဝူတင်သည် သူ၏ခါးတွင် ချည်ထားသည့် ကျောက်စိမ်းပြားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလေသည်။ ထိုကျောက်စိမ်းပြားမှာ ထျန်းယီအကြီးအကဲက သူ့ကို ပေးထားသည့် လက်ဆောင် ဖြစ်လေသည်။
YOU ARE READING
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasyZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024