Uni
အခန်း (၄၆၃) ပြန်လည် သိမ်းပိုက်သည့် မနက်ခင်း
သခင်ငယ်လေး ဆန်းလျန်သည် သူ့အပေါ်တွင် ထိုင်နေသည့်အတွက် ကျားနက်ကြီးမှာ အလွန် ပျော်ရွှင်နေလေသည်။ အသွင်သဏ္ဌာန် မမြင်ရသည့် စကြဝဠာ အသက်ဓာတ် စွမ်းအားများသည် ဆန်းလျန်ကို လှည့်ပတ် နေလေသည်။
ထို စကြဝဠာ အသက်ဓာတ် စွမ်းအားများက အတိတ်ဘဝမှ သူ၏ မူဝိညာဉ်ခန္ဓာကို သူ၏ လက်ရှိခန္ဓာဖြင့် ပေါင်းစပ်ပေးရန် ကူညီ ပေးလေသည်။ သူ၏လက်ရှိ ရုပ်ခန္ဓာ အတွက်ကတော့ အားနည်းချက်များကို တဖြည်းဖြည်း ပြုပြင် ယူရဦးမည် ဖြစ်လေသည်။
ရုပ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးလာရန်မှာ သဘာဝအတိုင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က အရမ်းကာရော ရုပ်ခန္ဓာ ဖွံ့ဖြိုးလာအောင် လုပ်ယူခြင်း မရှိပေ။
ဆန်းလျန်သည် ရှီးလျန် မြို့တံခါးသို့ ရောက်ရှိ လာလေသည်။ သူက မြို့တံခါးကြီးကို မော့ကြည့် လိုက်သည်။ သူ၏ နတ်ဘုရား စွမ်းအားများသည် မြို့တံခါးကို ဖောက်ကာ မြို့တော်အတွင်းမှ အရာအားလုံးကို မြင်တွေ့ နေရလေသည်။ ရှီးလျန်မြို့တော် အတွင်းမှ ရှေးကျသည့် စွမ်းအားတစ်ခုကို ဆန်းလျန် ခံစားမိလေသည်။ ထို့နောက်သူက မြို့တံခါးတွင် ချထားသည့် အစောင့် စစ်သည်တော်များ၊ ကင်းလှည့်နေကြသည့် စစ်သည်တော်များ အားလုံးကို အသေးစိတ် ကြည့်ရှု လေ့လာနေလေသည်။
ထို့နောက်... ဆန်းလျန် အမိန့်ပေးလိုက်သည်နှင့် ကျားနက်ကြီးက မြို့တံခါးထက်သို့ ခုန်တက် လိုက်လေသည်။ မြို့တံခါးထက်တွင် ကျားကုတ်ရာကြီးများကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်လေသည်။ ကံကောင်းစွာပင် သူတို့ တက်လိုက်သည့် နေရာတွင် မည်သည့် အစောင့်စစ်သည်မှ ရှိမနေပေ။
အခွင့်အရေး ဆိုသည်က လောကတွင် တစ်ခါသာရလေ့ ရှိလေသည်။ လွဲချော်သွားပါက ပြန်မရ တတ်တော့ပေ။
သို့သော်... ဆန်းလျန်၏ ဘဝတွင် အခွင့်အရေးကို လွဲချော်ခဲ့သည် ဟူ၍ မရှိခဲ့ဖူးပေ။ သူက အခြားသူမဟုတ်။ ဆန်းလျန်ပဲလေ။
ဆန်းလျန်သည် အလွန်ခေတ်မီ ဆန်းပြားသည့် ကွန်ပျူတာ တစ်လုံးကဲ့သို့ သက်ရှိ သတ္တဝါများ အားလုံး၏ ဖြစ်နိုင်ချေများကို တွက်ချက် ခန့်မှန်းနိုင်သူ ဖြစ်လေသည်။

BẠN ĐANG ĐỌC
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
Viễn tưởngZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024