အပိုင်း (၅၉) [ Uni + Zaw ]

4.6K 231 42
                                    

Unicode

စားပွဲပေါ်တွင် ပူပူနွေးနွေးဟင်းလျာများကို တည်ခင်းထားသည်။ ကြက်သည်းမြစ်ဟင်းနှင့် ရှင်းခရဲ့လက်ရာ မှိုနှင့်ကန်စွန်းရွက်ကြော် စိမ်းစိမ်းက တကယ်ကိုလိုက်ဖက်နေသည်။ အရည်သောက်အတွက်ကတော့ ပဲဟင်းချို ။
ငပိရည်နဲ့တို့စရာကတော့ မပါမဖြစ်ပေါ့ ။

ရှင်းခ မေမေ့ပန်းကန်ထဲသို့ ဦးစွာဦးချလိုက်ပြီးနောက် ညီလေးနဲ့ညီမလေးရဲ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

" ကိုကြီးကလည်း ချီချီတို့ကဦးချရမယ့်ဟာ "

" ရပါတယ် .. များများစားနော် ချီချီ "

" ကိုကြီးလက်ရာတကယ်ကောင်းတယ်.. ကိုကြီးက စားဖိုမှူးလုပ်ရမှာသိလား .. "

ညီမလေးရဲ့ ချစ်စဖွယ်အပြောကြောင့် ရှင်းခပြုံးလိုက်မိ၏။ ညီမလေးက ဟန်မဆောင်တတ်ဘူး ။ လိမ်လည်းမလိမ်တတ်ဘူး ။ အဲ့တာ သူနဲ့မတူတဲ့အချက် ၊ သူကတော့ တသက်လုံး ကိုယ့်ကိုကိုယ်လိမ်ညာလာခဲ့တာလေ ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကိုပေါ့ ။

" ကိုကြီး စားဖိုမှူးလုပ်ခဲ့ရင် ညီမလေးတို့ကို ချက်ကျွေးဖို့ ဘယ်အားပါတော့မလဲ .. "

" ဟုတ်သားပဲနော်.. ဒါနဲ့ မနက်ဖြန်ကျရင် ကိုကြီး ပြန်တော့မှာဆို.. "

" အွန်း.. ဟုတ်တယ် ချီချီ "

" ကိုကြီး နည်းနည်းလောက်ထပ်နေပါအုံးနော်.. နော်.. "

သမီးဖြစ်သူမေပန်းချီရဲ့ ဂျီကျနေမှုကိုကြည့်ရင်း ဒေါ်မေသက်ရှင်း ခေါင်းခါမိ၏။

" မရဘူးလေ သမီး .. ခခ က ခွင့်ရက်အများကြီးမရဘူး "

ပန်းချီက နှုတ်ခမ်းလေးဆူသည်။

" တကယ်မရလို့ပါ ချီချီရဲ့.. ကိုကြီးက သန်ဘက်ခါ စီအီးအိုနဲ့အတူ ချောင်းသာလိုက်သွားရမှာ.. ဟိုတယ်ဖွင့်ပွဲရှိလို့လေ "

" ဟွန်း ပြီးရော.. ချီချီ့အတွက် လက်ဆောင်ဝယ်ခဲ့ပေးနော်.. "

" ဟုတ်ပါပြီ ဝယ်ခဲ့ပေးမယ်.. ချီချီ့အတွက်ရော.. မေမေ့အတွက်ရော.. မင်းခန့်အတွက်ရော "

' မင်းခန့် ' ဆိုမှပဲ အခုထိဘာစကားမှဝင်မပြောသော သားငယ်ဖြစ်သူအား ဒေါ်မေသက်ရှင်း သတိထားမိသွားလေသည်။ ဒီကောင်လေး အခုတလော အစားလည်းကောင်းကောင်းမစား ၊ တစ်ချိန်လုံးမှိုင်တွေနေတာ ။

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora