Ch 1

4.6K 87 11
                                    

လူ 20၀န်းကျင်စုစည်းကာထိုင်နေကြသည့် အစည်းအ‌ဝေးခန်းထဲ၌ လေအေးပေးစက်များတပ်ဆင်ထားသော်လည်း ဂယောက်ဂယက်ဖြစ်သွားသည့် စိတ်အခြေအနေများကြောင့် အနည်းငယ် အိုက်စက်စက်ဖြစ်နေကြ၏။ထိုပုဂ္ဂိုလ်များမှာ သားသမီးပညာရေးအကြောင်းကို ဆွေးနွေးနေကြသည့် မိခင်များပင်ဖြစ်သည်။ Year 10 အတွက် ထွက်လာသည့် Top 10 စာရင်းကြောင့် တချို့‌အမေများသည် မျက်စိပျက်မျက်နှာပျက်ဖြစ်နေကြပေသည်။ ထို့အပြင်  သူတို့သားသမီးများသာ ၀င်နိုင်ကြသည့် Special ဆိုသည့် S အခန်းထဲသို့ တခြားအခန်းမှ ကျောင်းသား‌ ကျောင်းသူများလည်း Year 11၌ ၀င်ရောက်လာကြပြီဖြစ်သည်။ ကျောင်းသူ‌တစ် ‌‌ယောက်ဆိုလျှင်ပင် မနှစ်က အသစ်တက်လာသည့် လက်ရှိကျောင်းသားမိဘအဖွဲ့အစည်း၏ ‌ဥက္ကဌ သားနှင့် အပြိုင် Year 10 Top 1 ကို တူတူလာချိတ်နေသည်ပင် ဖြစ်သည်။

ဒုတိယချိတ်သူ၏ မိခင်မှာမူ ပို၍ စိတ်ပျက်နေပေ၏။ နဂိုကတည်းကပင် ဥက္ကဌသားကို မကျော်နိုင်ဖြစ်‌နေခဲ့ရာမှ ယခုဆိုလျှင် နောက်တစ်ယောက်ပါ အစစ်တိုးလာခဲ့၏။ ကျောင်းတစ်ခုလုံးကိုပင် ကြိုးကိုင်နိုင်‌သော နေရာ၌ရှိသည့် ဥက္ကဌမှာ အခန်းထဲ၌ အရင်လူအတိုင်းသာ ထားလျှင်ဖြစ်ပါလျက်နှင့် တခြားအခန်းကသူများကို ဝင်ခွင့်ပေးလာ၏။ သူမ အကြောင်းပြချက်မှာ ပညာရေး၌ အခွင့်အလမ်းရှိသူများကို ထိုက်သင့်သည့်နေရာ၌ ပေးမည် ဆိုသည်ပင်။

သို့သော် ထိုဥက္ကဌအမေမှာလည်း ကွယ်ရာ၌ ဆိုင်ကယ်တစ်စီးဖြင့် S ခန်း တစ်ခန်းလုံး၏ ကျောင်းသား ကျောင်းသူများ မည်သူနှင့် စာသင်သည် မည်သည့်ဆရာကို guide ခေါ်သည်ကအစ လိုက်လံ စောင့်ကြည့်ချောင်းမြောင်းတတ်သူပင်ဖြစ်သည်။

ဥက္ကဌဖြစ်သူသည် ဆက်ပြောလာ၏။

"ကောင်မလေးက တကယ်တော်တယ်..ဘယ်အပြင် ဆရာနဲ့မှ သီးသန့်မသင်ဘူးဘူး...သူ့အမေကပဲ ငယ်ငယ်ကတည်းက  စာကူ ကြည့်ပေးလာတာ..အများစုက သူ့ဘာသာလုပ်တာပဲ..."

အမေအများစုသည် မျက်ခုံးပင့်သွားကြပြီး အမှုမဲ့အမှတ်မဲ့ ထိုကျောင်းသူလေးကို ချီးကျူးသွားမိကြ၏။ သို့သော် ဘုကလန့်ပြန်ပြောသူများ‌တော့ ရှိနေကြသေးသည်ပင်။

Only with You《Completed》Where stories live. Discover now