Ch 36

474 54 0
                                    

မီတာ 100 ပြေးပွဲ ကို Aqua သူမ ပထမဆုံးနှင့် ပန်း၀င်၏။ သူမကို မပြိုင်နိုင်တော့ကြောင်းပြောသည့် ဆရာမများနှင့် ဆရာ၀န်များကို သူမ ခေါ်၍ ပြချင်လိုက်သေးသည်ပင်။ ထို့နောက် မီတာ 400 ပြေးပွဲစသည်။ သူမ ‌ထိပ်ဆုံးမှ ဦးဆောင်၍ ပြေးသည် ။ သူမ ကျေနပ်နေသည်။ သူမ နှစ်နှစ်ဆက်တိုက် ဆိုသည့် ဂုဏ်ပုဒ်ကြီးကို ရတော့မည်ဟူ၍ ခံစားနေလေ၏။ သူမ လက်မလျှော့လိုက်မိ၍ တော်ပါသေးသည်။ သူမ ပန်း၀င်တော့မည်ဖြစ်သည်။  သူမကို အားပေးနေကြသည့်သူများကို မြင်နေရ၏။ သူတို့မျက်နှာများမှာ သူမကို အားကျ ဂုဏ်ယူနေကြမှန်း သိသာ၏။

သူမ သူတို့ကို လက်ဝှေ့ရမ်းပြရင်း ပန်းတိုင်ရှိရာသို့ ပြေးလာ၏။ သို့သော် သူတို့မျက်နှာများမှာ ချက်ချင်းပင် မည်းကျသွားလေတော့၏။ သူမ နားမလည်နိုင်ဖြစ်သွား၏။ ထိုစဉ် သူမ ဗိုက်ထဲ၌ နာကျင်သည့် ဒဏ်ကို ခံစားလိုက်ရ၏။ သူမ ငုံ့ကြည့်‌လိုက်သော် သူမ အူများသည် ပြေးလမ်းတစ်လျှောက်၌ ပြုတ်ကျကျန်နေခဲ့သည်ကို သိလိုက်ရ၏။ သူမ အသက်ရှူသံများ မြန်လာ၏။ သူမ ကြောက်ကြောက်လန့်လန့်နှင့် မျက်လုံးများကို စုံပိတ်လျက် အော်လိုက်လေ၏။

ထို့‌နောက် သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ ဗိုက်ထဲ၌ နာကျင်နေသည့် ခံစားချက်ကို မရတော့ပေ။ သူမ ငုံ့ကြည့်လိုက်သော် သူမ ဗိုက်သည် အကောင်းအတိုင်းပင် ရှိနေသေးသည်ကို သိလိုက်ရ၏။ ထို့နောက် သူမ သည် ရေချိုးခန်းထဲ၌ ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် သူမ၏ ဗလာနတ္ထိ ကိုယ်ပေါ်သို့လည်း ရေအေးများ ဖြေးညှင်းစွာ စီးကျလာနေလေ၏။ သူမရေချိုးနေသည်ဖြစ်သည်။ ထိုစဉ် ချလပ်ဆိုသည့် ဖုန်းကင်မရာရိုက်သံကို ကြားလိုက်ရ၏။ သူမ ဘေးဘီကို ကြည့်လိုက်သော် သူမသည် ရေချိုးခန်းထဲ၌ မဟုတ်ပဲ ကားလမ်းမလယ်ကြီးပေါ်၌ ရေချိုးနေခဲ့သည်ကို သိလိုက်ရ၏။ သူမ ရှက်ရွံ့ကြောက်လန့်စွာဖြင့် သူမကိုယ်ကို လက်များဖြင့်ကာလိုက်၏။ သို့သော် ကင်မရာကိုင်ထားသည့် လက်များမှာ သူမနားပို၍ပင် နီးကပ်လာကြပြီး မည်သည့်နေရာမှမှန်းမသိ ပေါ်လာသည့် လက်များသည် သူမခြေသလုံးတလျှောက်မှအပေါ်သို့ တွယ်တက်လာကြလေ၏။ သူမ ကြောက်ရွံထိတ်လန့်စွာဖြင့် အော်လိုက်မိပြန်၏။

Only with You《Completed》Where stories live. Discover now