Ch 34

473 55 2
                                    

Vivian တစ်ယောက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် သူ့မောင်ကို လည်ပင်းလိမ်ပြီး ကြည့်လိုက်မိလေ၏။ သူမ အပြင်မှ အပြန် သူသည် အိမ်မှအထွက်ပင်ဖြစ်နေသည်ပေ။ ခြံထဲ၌ ကျန်ခဲ့သည့် အမေဖြစ်သူကို မေး၏။

"ဘာသွား၀ယ်ခိုင်းထားလို့လဲ..? "

Kenji အမေသည် ခေါင်းဖြည်းဖြည်းချင်း ခါလာပြီး

"Aqua ဆီသွားတာ..လက်ထဲက ဘာတုန်း..."

Vivian တစ်ယောက် အမေဖြစ်သူ၏ မေးခွန်းကြောင့် အနည်းငယ် မျက်လုံးပြူးသွား၏။

"ဒီနေ့ သူ့မွေးနေ့လေ အမေ..."

အမေဖြစ်သူ မည်သည်ကိုမှ ဆက်မပြောလာတော့ပေ။ ထို့နောက် သက်ပြင်းတချချဖြင့်

"အာ ဒီနေ့က ငါ အဲ့ မျောက်လောင်းလေးကို မွေးခဲ့တာ 18 နှစ်ပြည့်တာပဲ...ငါ့ကိုယ်ငါ စိတ်ပျက်မိတယ်...Tsk tsk..."

"အဲ့လို မစဉ်းစားပါနဲ့...သူ ‌နောက်ပိုင်း လိမ္မာလာပါတယ်..."

"ရဲစခန်းရောက်၊ သူငယ်ချင်းနဲ့လည်း ရန်ဖြစ်၊ဆေးသမားတွေနဲ့လည်း ရန်ဖြစ်၊ ဒါလိမ္မာလာတာ? သူအရင်က ဘယ်အဆင့်ထိတောင် ဆိုးခဲ့လို့လဲဟင်...? နင်တို့ အဖေသာ ဒီအကြောင်းတွေကြားရင် အမလေးး..."

Kenji အမေ အတွေးလွန်နေမိသဖြင့် ခေါင်းမူးလာလေ၏။ Vivian သည် သူမ အမေကို ချော့မော့ပြောဆိုပြီး အိမ်ထဲသို့သာ  တွဲခေါ်လာခဲ့ရလေတော့၏။

Kenji တစ်ယောက် ဆိုင်ကယ် ဒေါက်ချလိုက်ပြီး ခါးထောက် စဉ်းစားနေလေ၏။ အချိန်မှာ ည 8နာရီလောက် ရှိပြီ ဖြစ်သည်။ လမ်း၌ ဖြတ်သွားဖြတ်လာလည်း သိပ်မရှိတော့ပေ။

Aqua အိပ်ရာထဲ၌ စာဖတ်ရင်းလှဲနေလေ၏။ ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ Aqua မျက်မှောင်ကြုတ်သွား၏။ သူမအမေဖြစ်လျှင် အသံပါပေး၏။ သို့သော် ယခု တံခါးခေါက်သံပင်ကြားရ၏။ ထို့အပြင် အသံလည်း တိုး၏။ သူမ ကုတင်ထက်မှ ဖြေးဖြေးချင်းထလာ၏။ ဗိုက်ထဲ၌ နာနေတုန်းပင်။ သူမ တံခါးနား ကပ်နားထောင်ကြည့်လိုက်၏။

Kenji သည် တံခါးနားလျှောက်လာသည့် ခြေသံကိုကြားသော် တိုးညှင်းစွာနှင့် ပြောလာ၏။

Only with You《Completed》Where stories live. Discover now