Ch 12

617 59 1
                                    

စုံလည်ခုံပေါ်၌ ထိုင်နေသည့် သတ်လတ်ပိုင်းအရွယ် ဆရာမသည် စာရွက်နှစ်ရွက်ကို သူမရှေ့မှ ခုံပေါ်သို့ စိတ်ပျက်စွာဖြင့် ချလာ၏။

"ဒီအတိုင်းဆို မဖြစ်ဘူး..."

Aqua နှင့် Noa သည် အစမ်း စစ်ထားသည့် အထွေထွေ ဗဟုသုတ test ၏ ရမှတ်များကို ကြည့်ပြီး စိတ်ပျက်နေကြ၏။ ဆရာမသည် သူတို့နှစ်ယောက်‌အပေါ် အားမရသည့် အချက်များကို ထောက်ပြနေ၏။ နှစ်ယောက်သား မျက်နှာငယ်လေးများဖြင့် ဆရာမစကားကို နားထောင်နေကြ၏။

"Aqua စာအုပ်ဖတ်ရင် ဘာစာအုပ်တွေ ဖတ်ဖြစ်လဲ..?"

Aqua သည် ဆရာမ အမေးကို မဝံ့မရဲဖြင့် ဖြေလာ၏။

"၀တ္ထု..."

ဆရာမသည် လက်ပိုက်လိုက်ပြီး Noa ကို ဆက်မေး၏။

"နင်ရော.."

Noa တစ်ယောက် ပြုံးစိစိနှင့် ဖြေလာ၏။

"စာမဖတ်ဖြစ်ဘူး ဆရာမ.."

ဆရာမသည် အနည်းငယ် သွေးတက်ချင်သွား၏။

"မနှစ်က Vivian တို့တောင် အနည်းဆုံး သတင်းစာဘာညာတော့ဖတ်ကြတယ်..."

Noa နှင့် Aqua သည် တပြိုင်နက်တည်းပင် ပြန်ဖြေလာကြ၏။

"အခုက စပြီး ဖတ်ပါ့မယ် ဆရာမ.."

ဆရာမသည် သူမအိတ်ထဲမှ စာအုပ်ထူကြီး နှစ်အုပ်ကို ထုတ်လာပြီး ခုံပေါ် ပစ်ပေးလိုက်၏။

တစ်အုပ်သည် 'ပြည်တွင်း' ဟူ၍ ရေးထားပြီး နောက်တစ်အုပ်မှာ 'ပြည်ပ' ဟူ၍ ရေးထားသည်။

"ဒါ အရင်လကမှ နောက်ဆုံးထွက်ထားတာ..နောက်ဆုံးပေါ် အရေးပါတဲ့ သတင်းတွေက အစပါတယ်..နှစ်ယောက် တစ်ယောက် တစ်လှည့်စီ ယူဖတ်ထားကြ..ဘာတွေ အဓိက ထားကြည့်ရမလဲ ဆိုရင်...နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း၊ ပထဝီ..ကျောင်းစာထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မှတ်ရတော့မှာမို့.. အရင်ကထက် ‌ဆယ်ဆလောက် အားထုတ်စေချင်တယ်..အခြေခံအနေနဲ့ သိကို ‌သိနေရမှာက ကိုယ့်နိုင်ငံ သမ္မ‌တတွေရဲ့ သမိုင်းကြောင်း၊ တခြား နိုင်ငံ သမ္မတတွေ အကြောင်း၊ အဖွဲ့အစည်းတွေအကြောင်း........"

Aqua နှင့် Noa သည် ဆရာမ၏ စကားများကြား၌ ရီဝေဝေ ခံစားနေရပြီး စတင်၍ အိပ်ငိုက်လာလေပြီဖြစ်သည်။

Only with You《Completed》Where stories live. Discover now