Ch 22

532 56 3
                                    

Aqua နောက်မှ အမျိုးသားများသည် ခဏတာကြောင်အသွားကြသော်လည်း နေရာအနည်းငယ် လွတ်သွားသည်ကြောင့် အသက်ရှူချောင်သွားသည့် မျက်နှာထားများ ဖြစ်သွားကြ‌လေ၏။

Aqua စိတ်ပျံ့လွင့်နေ၍သာ Kenji ထိုကဲ့သို့ အလွယ်တကူ ဆွဲချလာနိုင်ခြင်းဖြစ်သည်။

Kenji Aqua ၏ နီရဲ ပြူးကြောင်နေသည့် မျက်နှာကို မြင်သော် မပြုံးပဲ မနေနိုင်။ Aqua တစ်ယောက် ပြန်ထရန် လုပ်၏။ Kenji သူ့ကို ပြန်ဆွဲထား၏။ သူမ Kenji နှင့် မျက်နှာချင်းမဆိုင်ချင်။ သူမမျက်နှာသည် မျက်ရည်များ နှာရည်များနှင့် ပေပွနေသည်မှာ အမှန်ပင်။ ရှက်စရာကောင်း၏။ သူမမျက်နှာကို ဆန့်ကျင်ဘက်ဆီလှည့်၏။ Kenji သည် သူမဆောင်းထားသည့် beanie hatလေးကို သူမမျက်လုံးနားထိ ဆွဲချပေးလိုက်၏။ ထို့‌နောက် သူ့အနွေးထည်ကို ဖွင့်ပေးလာပြီး Aqua ခေါင်းလေးကို သူ့ရင်ဘတ်ထဲ ဆွဲသွင်းအုပ်ထားလိုက်လေတော့၏။

Aqua တစ်ယောက် မည်သည်ကိုမှ မမြင်ရတော့ပေ။ သူမ လုံခြုံသွားသကဲ့သို့လည်း ခံစားလိုက်ရ၏။ သူမ မျက်နှာကို မည်သူမှ မမြင်ရတော့ပေ။ ထို့ကြောင့် သူမသည် Kenji အနွေးထည် အောက်၌ လက်ကျန်မျက်ရည်များကို လွတ်လွတ်လပ်လပ်ပင် ဆက်လက်စီးဆင်းစေနိုင်လိုက်တော့သည်ပေ။

Kenjiသည် ကျောင်းထဲ မ၀င်ခင် Aqua ကို ဆိုင်တစ်ဆိုင်ထဲသို့ ခေါ်လာ၏။ Aqua သည် Kenji အနွေးထည်ကို ခေါင်းခြုံထားလျက် လိုက်ပါလာလေ၏။ သူမ အနွေးထည်ကို မချွတ်ရဲသေးပေ။ မျက်လုံးများမှာဖောင်းအစ်နေပြီး မျက်နှာမှာလည်း ညစ်ပတ်နေသည်ကို သိနေသောကြောင့်ဖြစ်သည်။

Kenji သည် သူမ နားသို့ ကပ်ပြောလာ၏။

"အိမ်သာရှေ့ရောက်နေပြီ.. အထဲ ၀င်သွားလိုက်တော့..အရှေ့မှာ အအေးမှာထားလိုက်မယ်...အေးဆေးလုပ်..အချိန်ရှိသေးတယ်..."

ထို့နောက် Kenji သည် သူမလက်ကို ကိုင်ပြီး တံခါးဘုနှင့် ထိစေ၏။

Aqua လည်း တံခါးဘုကို ဆွဲလိုက်၏။ တံခါးဖွင့်လိုက်သော်  သူမ နဖူးသည် တံခါးနှင့် တစ်ချက် မတော်တ‌ဆ ဆောင့်မိသွား၏။ သို့သော် လက်ဖြင့်တစမ်းစမ်းလုပ်ပြီး သူမ အောင်မြင်စွာနှင့်ပင် အထဲသို့ ၀င်နိုင်သွားခဲ့လေတော့၏။

Only with You《Completed》Where stories live. Discover now