Ch 26

506 58 4
                                    

Aqua တစ်ယောက် Noa ကို ပွဲတက်၀တ်စုံနှင့် တွေ့ရသည်မှာ ပထမဆုံး အကြိမ် မဟုတ်သော်လည်း မြင်ရသည့် အကြိမ်တိုင်းလည်း မှင်သက်ရ၏။ ကျယ်ပြန့်သောပခုံးနှင့် လှပသည့် ခန္ဓာကိုယ် အချိုးအစားသည် ၀တ်စုံနှင့် အံ၀င်ခွင်ကျဖြစ်နေသဖြင့် ပို၍ ကြည့်ကောင်းနေပေသည်။ ညက်‌၍၀င်းပသည့် အသားအရည်သည် နက်ပြာရောင် လည်စည်းနှင့် ၀တ်စုံကြောင့် ထင်းနေပြီး သူ့၍ ဆွဲဆောင်မှုရှိပြီး ဖော်ရွေတတ်သည့် အသွင်အပြင်ကိုလည်း လှစ်ဟပ်ပြနေ‌လေသည်။
Aqua ကို မြင်သော် မပြောင်းလဲသွားသည့် အပြုံးနှင့် နှုတ်ဆက်လာ၏။Shun ကဲ့သို့ ပါးချိုင့်မရှိသော်လည်း Noa  အပြုံးမှာ သူ့ပုံစံနှင့်သူ ‌တောက်ပထင်ရှားသည်ပေ။

"ဒီနေ့လည်း လှနေတယ် Aqua.."

Aquaလည်း ငေးမောနေသည်မှ သတိပြန်ကပ်လာပြီး

"နင်ရောပဲ..လှတယ်.."

Noa တစ်ယောက် ခပ်ဖွဖွရယ်၏။

"လှတယ်..? ငါတော့ ငါ့ကိုယ်ငါ ခန့်ငြားတယ် ထင်နေတာ.."

Aqua အသုံးအနှုန်းမှားသွားသည်ဟူ၍ အထင်မှားမိသော်လည်း ချောင်းတစ်ချက်ဟပ်လိုက်ပြီး

"ဘယ်လိုပြောရမလဲ...mmm..ဒီလို..ချောတယ်..ခန့်ငြားတယ်...ကြည့်ကောင်းတယ်...ဒါပေမယ့် မလုံလောက်ဘူး အဲ့စကားလုံးတွေက ..နင့်ကို ဖော်ပြဖို့...ငါနင့်ကို မြင်ရင်လေ တခါမှ အာရုံမစိုက်ဘူးတဲ့ ငါ့အသက်ရှူသံတွေကိုတောင် သေချာကြားနေရတယ်..အသက်ရှူသံတွေကလေ တချက်တချက်တောင်ထိပ်လို မြင့်တက်သွားလိုက် ပြီးရင် ချောက်ကြီးထဲထိ ပြုတ်ကျသွားသလို ဖြစ်လိုက်နဲ့...အင်း.."

Noa တစ်ယောက် ခဏတာ ဆွံ့အသွား၏။ သူ့လက်တစ်ဖက်က သူ့ပါးစပ်ကို အုပ်ထားပြီး စဉ်းစားနေ၏။

Aqua သူမ အမြင်ကို ယုံကြည်ချက်ရှိရှိပြောလိုက်ခြင်းဖြစ်၏။ Noa သည် အဆင်းရော အချင်းပါ ပြည့်စုံသည့် သူပေ။ သူ့နားရှိနေလျှင် သူမသည် အေးချမ်းခြင်းတစ်မျိုးကို ခံစားမိသည်ပင်ဖြစ်သည်။ ထို့အပြင် အသေအချာမဖော်ပြတတ်သေးသည့် ခံစားချက် တစ်မျိုးလည်း သူမ၏ စိတ်အတွင်းထောင့်‌တစ်နေရာ၌ ရှိနေသေးသည်ကို သူမ ရေးရေးလေးသိနေ၏။ 

Only with You《Completed》Where stories live. Discover now