Ch 31

480 55 0
                                    

Shun အမေသည် ကျေနပ်နေသည့် အပြုံးနှင့် ပြောလာလေ၏။

"အဆင့်တွေ ထွက်လာပြီ ကြားတယ်..Noa အခြေအနေမကောင်းဘူးထင်တယ်...ဘယ်လိုဖြစ်ရတာလဲ နိုင်ငံ့အဆင့်ကြီးက..."

ထိုစကားကြောင့် အခန်းထဲမှ အမေအများစုသည် တူညီသည့် အတွေးတစ်ခုတည်းကိုသာတွေးမိသွားကြတော့၏။

Noa အမေသည် သူမဘက်သို့ မျက်စောင်းထိုးလာပြီး

"သူအခြေအနေကောင်းပါတယ်..."

ထိုစဉ် Aqua အမေသည် ရိုးရိုးသားသား သိချင်စိတ်ဖြင့် မေးလာ၏။

"ကျွန်မ သမီးရော အခြေအနေလေး.."

Noa အမေသည် ပုံမှန်လေသံနှင့်ပင် ပြန်ဖြေလာ၏။

"စိတ်မပူပါနဲ့...သူ ဒီနှစ်လည်း တစ် ရပါတယ်..."

Shun အမေ မသိမသာ မျက်နှာပျက်သွား၏။ မကျေမနပ်စိတ်ဖြင့် သူမ Aqua
အမေကို မသိမသာ ဆွပေးရန် စကားစလာ၏။

"Aqua လေးက အရမ်းတော်တာပဲ..သူ့အဖေသတင်းရော ဘာကြားသေးလဲ..အဆင်မပြေတဲ့ကြားထဲက အဆင့်ကို ထိန်းထားနိုင်တာ အံ့ဩစရာပဲ.."

Shun အမေသည် စကားပြောရာ၌ စည်းစောင့်ခြင်း မရှိသည်ကို သိထားသော်လည်း Aqua အမေ သည် လူအများအလယ်၌ ထိုကဲ့သို့ အတွင်းရေးကိစ္စကို ပြောလာသည်ကြောင့် စိတ်ထဲ၌ မသက်မသာ ခံစားလိုက်ရလေ၏။

"Shun..သူကရော အဆင်ပြေတဲ့ ကြားထဲက ဘယ်လို ဖြစ်တာလဲ...ကျောင်းက သင်္ချာစွမ်းရည် ကိစ္စပြောပါတယ်..အမေဖြစ်သူက Aqua ကို အတင်းလိုက်ချဥ်းကပ်ခိုင်း‌နေလို့ သူ့ခမျာ စိတ်ပျက်သွားတာနေမှာ...."

Noa အမေသည်လည်း စိတ်အခြေအနေ အဆင်ပြေ မနေသည့်အတွက်ကြောင့် သမာဓိရှိရှိ ပြောဆို ပြုမူချင်စိတ်ရှိမနေပေ။ ထို့အပြင် ယခု အစည်းအဝေးသည်လည်း သူမ အတွက် မည်သည့်အဓိပ္ပာယ်မှ မရှိတော့သည့်အတိုင်းလည်း ခံစားနေရ၏။ သူမ ခုံကို သာမှောက်ပြီး အခန်းထဲမှ ပြေးထွက်သွားချင်စိတ်သာပေါက်နေလေ၏။ ထို့ကြောင့် သူမ စိတ်ထဲ ပြောချင်သည့် စကားများကို သူမ သင့်တော်၏ မသင့်တော်၏ တားမြစ်မနေ‌တော့ပေ။

Aqua အမေ Noa အမေစကားကြောင့် Shun အမေကို မျက်မှောင်ကြုတ်ကြည့်လာ၏။

Only with You《Completed》Where stories live. Discover now