Ch 2

1.5K 70 16
                                    

ကျောင်းကားသည် သူမ ပြီးနောက် Shun ကို ၀င်ခေါ်၏။ သူမဘေးနား၌ ၀င်ထိုင်လာသော Shun သည် ထုံးစံအတိုင်းပင် သူမကို ရင်းနှီးသည့် အရိပ်အရောင်မပြပေ။ အစက သူမသည် ထိုကဲ့သို့ လျစ်လျူရှုခံရသည်ကို မနေတတ်သော်လည်း နောက်ပိုင်း ထိုကဲ့သို့ နေခြင်းသည် သူမအတွက် ပိုအဆင်ပြေသည်ဟုသာ သဘောပေါက်လိုက်၏။ အကြောင်းမှာ အတန်းထဲကဆရာဆရာမများအားလုံးသည် သူမကို တော်သဖြင့်အာရုံစိုက်ကြ၏။ ထို့ကြောင့် ရည်းစားသနာ ကိစ္စ အရှုပ်အရှင်းများရှိသွားလျှင် သူမ ဂုဏ်ပုဒ်ကို ထိခိုက်စေသည်ဟု နားလည်ထား၍ပင်။ သူမ အိမ်၌ Shun နှင့် ရင်းရင်းနှီးနှီး ဆက်ဆံရသည်ကပင် သူမ အတွက်လုံလောက်သည် ဖြစ်သည်။ ထို့အပြင် သူမကဲ့သို့ စာကြိုးစားသည့်သူသည် ထိုကဲ့သို့ တစ်ဖက်သက်ကြိုက်နေသည့် ကောင်လေးရှိသည်မှာ ပုံမလာပေ။ သူမ အထာကျကျနေရမည်ဖြစ်သည်။ ထို့ကြောင့် သူမလည်း Shun ကို ခပ်တန်းတန်းပင် ဆက်ဆံလေတော့သည်။

ပုံမှန်နေ့များအတိုင်းပင် ထင်မှတ်နေခဲ့သော Aqua သည် ရုတ်တရက် သူမပါးနားသို့ နီးကပ်လာသော Shun မျက်နှာကြောင့် စိတ်ထဲ၌ ဂယောက်ဂယက်ဖြစ်သွား၏။ သူမ ထိုနက်ရှိုင်းသည့် မျက်၀န်းများနှင့် အကြည့်ချင်းဆုံသွားလေ၏။ Shun မျက်လုံးများသည် သူမ မျက်လုံးစုံကို တစ်လှည့်စီ ဖြေးဖြေးချင်း စိုက်ကြည့်လာပြီးနောက် သူမ နှုတ်ခမ်းဖျားများထက်သို့ အကြည့်များ ဆင်းချသွား၏။ သူမ ပါးပြင်များ စပ်ဖျင်းဖျင်းနှင့် ပူလာသည်ကို ခံစားနေရ၏။

သူမ သူ့ကို သဘောကျနေသည်ကို သိသွား၍များလားပင်။ Shun အကြည့်များသည် သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ညှို့ယူနေသည့် အတိုင်းပေ။ သူမ အတွေးထဲ၌ ဂ‌ယောက်ဂယက်ဖြစ်နေစဉ် အေးစက်တည်ငြိမ်သည့် Shun အသံသည် သူမ နားထဲသို့ ဖြတ်ပြေးသွားလေ၏။

"ပြတင်းပေါက်ဖွင့်မလို့..."

စက္ကန့်ပိုင်းအတွင်းမှာပင် Shun သည် သူမကို ကျော်၍ ပြတင်းပေါက်မှတစ်ဆင့် လေပြင်းများကို ၀င်ခွင့်ပေးလာ၏။ သူမ၏ အထိမခံ ပွလွယ်သည့် ဆံပင်များသည် တိုးဝှေ့၀င်သွားသည့် ထိုလေပြင်းတစ်ချက်ကြောင့် သူမ အရှေ့မြင်ကွင်းကိုပင် ဖုံးလွှမ်းသွားလေ၏။ သို့သော် သူမ ဆံနွယ်များကြားမှာ ကွေးတက်သွားသည့် ထိုနှုတ်ခမ်းထောင့်များကို မြင်လိုက်ရ၏။

Only with You《Completed》Where stories live. Discover now