Ch 37

479 55 0
                                    

"အင်း..ကောင်းကောင်းလုပ်ခဲ့သားပဲ..."

ဆရာမသည် Aqua စာအုပ်ကို ဖတ်ကြည့်ပြီး မှတ်ချက်ပေး၏။

Aqua သည် မျက်လုံးအောက်ချထားလျက်ပင် ပြောလာ၏။

"‌ကြောက်ခဲ့တယ်..ဟင့်အင်း အခုထိလည်း ကြောက်တုန်းပဲ...ဒီလိုမျိုး နောက်ထပ်ထပ်ဖြစ်နေဦးမှာ...ဖြစ်ပါများလေး ထပ်ဖြစ်လေလိုမျိုးပဲ..."

Aqua စကားကို နားလည်သဖြင့် ခေါင်းငြိမ့်ပြ၏။

"သမီးပြောတာ နားလည်တယ်...ဒါပေမယ့် အဲ့အချိန် သမီး မှတ်မိနေရမှာက..အကူအညီတောင်းဖို့ရယ်..သမီးနားမှာ သမီးကို ဂရုစိုက်တဲ့ သူတွေရှိနေသေးတာကို သတိရနေပေးဖို့ပဲ.."

Aqua ခေါင်းငြိမ့်၏။

"ဟုတ်ပြီ သမီးစာအုပ်ထဲမှာ သူတို့တွေကို တွေ့နေရတယ်..ဒီmarkerလေးနဲ့ သူတို့ နာမည်တွေကို လိုင်းလေးတားပေးပါလား.."

သူမ စာအုပ်ကို သူမ ပြန်ယူလိုက်၏။ ထို့နောက် marker နှင့် နာမည်များကို လိုက်တား၏။

"ဘယ်သူတွေပါလဲ...ကြည့်ရသလောက်တော့ အထက်တန်းကျောင်းက အချိန်တွေ ပိုများတယ်..."

Aqua တစ်ချက်ပြန်ကြည့်လိုက်၏။

"အမေ၊ သူငယ်ချင်းတွေ၊ ပြီးတော့..."

ဆရာမသည် Aqua အသံပြန်တိတ်သွားသည်ကို စောင့်ပေးနေလေ၏။

"Kenji..."

"ရည်းစားကောင်းရထားတာပဲ...ဆရာမတောင် အံ့ဩနေတာ သမီး ကောင်လေးထားဖြစ်မယ်မထင်ခဲ့ဘူး...သမီး လမ်းကြောင်းထဲမှာ အဲ့အစီအစဉ်လည်း မရှိခဲ့ဘူးဆိုတော့လေ..."

Aqua ဆရာမ စကားကြောင့် ဆွံ့အသွားလေ၏။ ဟုတ်သည်။ သူမ Kenji နှင့် တွဲလိုက်သည်ပေ။ ထို့အပြင် ထိုကိစ္စနှင့် ပတ်သက်ပြီး အပြစ်ရှိစိတ်လည်း မဖြစ်လိုက်ပေ။ Shun သူမကို တွဲမည်ပြောသည်တောင်မှပင် သူမ ငြင်းနေခဲ့သည်ဖြစ်သည်။ သူမ Kenjiကို အမှန်တကယ်ပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပင် သဘောကျနေသည်များလားပင်။ သို့သော် သူမ တစ်စုံတစ်ခုကို သတိပြန်ရသွားပြန်လေ၏။

ထို့နောက် သူမ လက်သီးများကို အားယူသည့်အနေနှင့် ဆုပ်ထားလိုက်ပြီး

Only with You《Completed》Where stories live. Discover now