Aqua တစ်ယောက် လေအေးထဲ ဖြတ်ပြေးနေရ၍ ခေါင်းကိုက်လာ၏။ သူမသည် ဆောင်းရာသီကို ကြိုက်သော်လည်း အအေးဒဏ်မခံနိုင်ပေ။ ဆယ့်ငါးမိနစ်ကြာ ခေါင်းကို အအေးဓာတ်နှင့် ထိတွေ့ထားလျှင် သူမခေါင်းတစ်ဆစ်ဆစ်ကိုက်လာ၏။ ထို့ကြောင့် သူမသည် သက်သာစေရန် နားထင်ကို လက်နှင့် ပွတ်ရင်း
"ဆရာ.. တခြား exercise လေးတွေ လုပ်နေလို့ရမလား..နေနည်းနည်းပူလာရင် ထပ်ပြေးပါ့မယ်..."
သူတို့ နှစ်ယောက်ကို ကြပ်မတ်ပေးနေသည့် ကာယဆရာသည် အချိန်ကိုကြည့်လိုက်ပြီး
"နေအရမ်းပူရင်တော့ ပြေးလို့မကောင်းတော့တာမို့..ဒီနေ့အတွက်က လုံလောက်ပြီ..နှစ်ယောက် ဒီနေ့တော့ တစ်ယောက်တစ်လှည့်စီ ဒိုက်ထိုးနဲ့ အိပ်ထမတင်ကို ကြည့်ပေးလိုက်... record လေးတွေပါ မှတ်ထားဖို့ မမေ့နဲ့နော်..."
"ဟုတ်..."
ဆရာလည်း ဗိုက်ထဲ ဆန္ဒပြနေ၍ ရေအိမ်သို့ ပြေး၏။
Noa သည် အကျော့ဆန့်နေရင်း
"နားချင်လား?"
Aqua သည် ခေါင်းခါလိုက်ပြီး
"ရတယ်...ဆက်လုပ်မယ်...နင်မရရင်သာပြော..."
Noa တစ်ယောက် မျက်ခုံးပင့်လိုက်ပြီး
"စ မှတ်တော့..."
"အယ်.."
Noa သည် စကားမပြောတော့ပဲ ချက်ချင်းပင် နေရာ၌တင် ဒိုက်စထိုးတော့၏။
Aqua လည်း Noa ဒိုက်ထိုးသည့် အကြိမ်အရေအတွက်ကို ရေပေး၏။
"..55, 56, 57..ရပ်..."
Noa တစ်ယောက် နေရာ၌ ထိုင်ချလိုက်ပြီး
"ဒီ၀န်းကျင်တွေပဲ..ဟူး..."
"တက်လာပါတယ်...ပြိုင်ပွဲတုန်းက 50ပဲမလား..."
Aqua တစ်ယောက် ယောက်ျားလေးများ၏ ခွန်အားကို ချီးကျူးမိ၏။ သူမမှာတော့ ဒူးထောက်ထိုးရသည်ကိုမှ နှစ်မိနစ်အတွင်း၌ ဒိုက် အခေါက် 30ပင် ထိုးနိုင်ခဲ့ပေသည်။ စီနီယာ Vivian ၏ ပြောပြချက်အရ ယခုဖြေရမည့် အဆင့်တွင် အားကစားသမားနီနီးရှိသည့် ကျောင်းသူများလည်း ပါလာလိမ့်မည်ပင်ဖြစ်သည်။ Aqua စဉ်းစားမိရင်း စိုးရိမ်လာသည်ပင်။
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Ficção Adolescente#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama