Ch 6

787 61 9
                                    

Aqua နှင့် Noa သည် သူတို့နှစ်ယောက် တာ၀န်ယူရမည့် အဘွား၏ ကိုယ်ရေးအချက်အလက်များကို ဖတ်နေ၏။

ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၀န်ထမ်းတစ်ယောက်သည် သူတို့နှစ်ယောက်ရှေ့ရောက်လာပြီး သွားရမည့် နေရာသို့ ဦးဆောင်လမ်းညွှန်ပြ၏။

အခန်းတံခါးရှေ့ရောက်သော် ၀န်ထမ်းအမျိုးသမီးသည် ခပ်ဖွဖွ တံခါးခေါက်လိုက်ပြီး

"အမေရေ သမီးတို့ ၀င်လာမယ်နော်..."

ရိုးရှင်းပြီး လေ၀င်လေထွက်ကောင်းသည့် အခန်းငယ်လေးတစ်ခု၌ ပြတင်းပေါက်ဘက်သို့ မျက်နှာမူပြီး ထိုင်နေသည့် အဘွား Ci Ci ၏ သေးငယ်သော ကျောပြင်ကို မြင်ရ၏။ အဘွားဘေးနား၌ ကဗျာဖတ်ပြနေသည့် ၀န်ထမ်းမလေးသည် Aqua တို့ ရောက်လာသည်ကို မြင်သော်

"အမေရေ ကျောင်းသားလေးတွေရောက်လာပါပြီ..."

အဘွား Ci Ci သည် အနောက်သို့ရောက်နေသည့် ၀န်ထမ်းမလေးနှင့် Aqua တို့ကို ကြည့်ရန်  သူမခေါင်းကို ဖြည်းညှင်းစွာ လှည့်လာသည်။

"Noa နဲ့ Aqua လို့ခေါ်တယ်အမေ..."

၀န်ထမ်းဖြစ်သူ မိတ်‌ဆက်ပေးပြီးနောက် နှစ်ယောက်သား အဘွား Ci Ci အား ဦးညွတ်ကာ နှုတ်ဆက်၏။

"Aqua ... Noa..ဒါ အမေ Ci Ci.."

အဘွား Ci Ci သည် နှစ်ယောက်ကို ပြုံးပင် ပြုံးပြပြီး ပြတင်းပေါက်ဘက်သို့ ပြန်လှည့်သွားသည်။

၀န်ထမ်းမလေးသည် Noa နှင့် Aqua ကို ထပ်မံ ညွှန်ကြားပေး၏။

"အမေ Ci Ci က အနေအေးတယ်...အခု 1နာရီကနေ 2နာရီဆို ကဗျာတွေ စာတွေ ဖတ်ပြပေးရတယ်..3နာရီကြရင် နေ့လည် အိပ်ချိန်.. 4နာရီကြရင် ခန်းမထဲ အဘိုးအဘွားတွေကို စုပြီး ဂိမ်းတူတူ‌ကစားပေးတာတို့ သီချင်းဆိုပြီး ဖျော်ဖြေပေးတာတို့ လုပ်ပေးရတယ်...အမတို့လည်း အခြေအနေလာလာ ကြည့်နေမှာမို့ စိတ်မပူကြနဲ့.."

Aqua နှင့် Noa ၏ 'ဟုတ်ကဲ့' ဆိုသည့် အဖြေကြားပြီးနောက် ၀န်ထမ်းအမျိုးသမီးနှစ်ယောက်လည်း စိတ်ချလက်ချ ထွက်ခွာသွားတော့၏။

Aqua သည် သူတို့နှစ်ယောက်ကို ကျောပေးထားသည့် အဘွား Ci Ci ရှေ့သို့ လျှောက်သွားလိုက်ပြီး

Only with You《Completed》Where stories live. Discover now