Ch 16

580 61 0
                                    

"Noa, Aqua...."

အတန်းပိုင်ဆရာမသည် သူမ ဆက်မပြောသေးခင် ကာယကံရှင် နှစ်ယောက်၏ အာရုံကို ယူ၏။

Aqua သည် အနည်းငယ် ရင်တုန်စွာနှင့် ဆရာမ ပြောလာမည့် စကားကို စောင့်နေ၏။ သူမပင် မဟုတ် သူမသူငယ်ချင်းများလည်း သူမ အတွက် ဆုတောင်းပေးနေကြ၏။

မြို့နယ်အဆင့် ဘတ်စုံ စာမေးပွဲကို Aqua ဖြေဆိုပြီးသည်မှာ တစ်ပတ်ရှိပြီ ဖြစ်သည်။ သူမ ဖြေစဥ်က စိတ်အခြအနေသည် အောက်ဆုံးအဆင့်၌ ဖြစ်နေခဲ့သည်ပေ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို ပြန်၍ မတွေးမိနိုင်ခင်မှာပင် ဆရာမသည် သတင်းကောင်းနှင့် ကာကွယ်ပေးလိုက်လေ၏။

"နှစ်ယောက်လုံး တိုင်းအဆင့်သွားဖြေဖို့ ပြင်ဆင်ထားကြပါ..."

Aqua သူငယ်ချင်းများသည် သူမကို တောက်ပသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြ၏။ သူတို့မျက်နှာများတွင် Aqua အတွက် ဂုဏ်ယူသည့် အရိပ်အရောင်များပါနေလေ၏။ ထို့အပြင် အနည်းငယ် သနားကရုဏာသက်နေသည့် အကြည့်များလည်း ရောယှက်နေလေ၏။ သူတို့လည်း သူမမိသားစုအကြောင်း အတိုင်းအတာတစ်ခုအထိ သိထားကြသည်ကြောင့်ပင်။

ထိုနေ့ညက Aqua Mei ဆီကို ဖုန်းဆက်ပြီး ကားဖြင့် သူမအမေကို ဆေးရုံ ပို့ပေးရန် အကူအညီတောင်းခဲ့၏။

သူမ ဖခင်သည် ထိုနေ့ညက သူ့လုပ်ရပ်ကြောင့်ပင်သူ အမူးပြေသွားပြီး ကြောက်ကြောက်လန့်လန့်နှင့် ကိုယ့်အ၀တ်ထုပ်ကို ထည့်ကာ အမြန်ပင် အိမ်မှ ထွက်ပြေးသွား‌တော့၏။ ဟုတ်သည်။ ထွက်ပြေးသွားခြင်း ဖြစ်သည်။ Aqua မျက်လုံးထဲ၌ ထိုကဲ့သို့ပင် မြင်ချင်းဖြစ်သည်။ သူမ ဖခင်သည် တောင်းပန်သည့် စကားတစ်ခွန်းသာပြောပြီး သူမတို့ သားအမိနှစ်ယောက်ကို ထားပစ်ခဲ့သည် ဖြစ်သည်။

Aqua သူမ သူငယ်ချင်းများကို ပြန်လည်ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြော၏။

ထို့နောက် အတန်းထဲသို့ A အခန်း အတန်းပိုင်ဖြစ်သည့် Aqua တို့ အတန်း၏ သင်္ချာဆရာမသည် အခန်းထဲ ၀င်လာပြီး Shun ကို ခေါ်၏။ အတန်းသားများအားလုံး ရိပ်မိသည်မှာ ဆရာမ မျက်နှာပျက်နေသည်ကိုပင်။

Only with You《Completed》Where stories live. Discover now