Ch 33

462 56 0
                                    

Noaဆီမှ ပျင်းပြ စူးရှသည့် အနံ့များကိုရနေ၏။ သူအရက်သောက်ထားသည် ဖြစ်လိမ့်မည်။ သူ့လက်များမှာလည်း အေးနေသည်ပေ။ သွယ်လျသည့် လက်ချောင်းများ၌ စွပ်ထားသည့် လက်စွပ်များသည် ထူးဆန်းသော်လည်း ဆန်းသစ်၏။ Noa သူ ထိုကဲ့သို့ အဆင်တန်ဆာများကို သဘောကျသည်များလာပင်။ ပါးလျသည့် သူ့နား၌ အပေါက်ဖောက်လိုက်သည်မှာ သူ မနာ၍များလားပင်။ အမြဲတမ်းလိုလို သပ်သပ်ရပ်ရပ်ဖြစ်နေခဲ့သည့် သူ့ဆံပင်သည် ‌အမွေးစုတ်ဖွားဖြစ်နေသည့် ခွေးပေါက်လေးနှယ်အတိုင်းပေ။ သူမ Noa ခေါင်းထိပ်ဆီကို မျက်လုံးတန်းနိုင်ရန်ပင် သူမ ခေါင်းကို ထောင့်မှန်နီးပါး မော့ရလေ၏။ ထို့အပြင် သူ့ကျောပြင်သည် ကြီးမားသည့် နံရံကြီးသဖွယ်လည်း ဖြစ်နေလေ၏။ သူမ မျက်လုံးရှေ့၌ သူမှလွဲပြီး မည်သူမှ ရှိနေသည့် အတိုင်းပေ။

Noa သူ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ပုံစံဖြစ်နေရပါသနည်း။ သူ့၏ အသွင်အပြင်ကြောင့် သူမ ထိုမေးခွန်းကို စဉ်းစားမိသည်မဟုတ်။ သူ့မျက်လုံးများမှာ မှိန်နေ၏။ သူမအတွက် သိသာနေသည်။ သို့သော် Noa မည်ကဲ့သို့ ပုံစံပင် ဖြစ်နေပါစေ သူမသည် သူနားရှိနေလျှင် ဆိတ်ငြိမ် လုံခြုံခြင်းကို ခံစား ရ၏။ ထို့အပြင် Noa တစ်ယောက် သူမကို မမြင်ချင်သည့်နှယ်ပေ။  သူမကို စိတ်ဆိုးနေသည်များလားပေ။

Aqua တစ်ယောက် အတွေးနယ်ချဲ့နေသည်ကို သတိထားမိပြီး ပတ်၀န်းကျင်ကို အာရုံပြန်စိုက်လိုက်၏။ Kenji သူ တစ်ခုခုဖြစ်နေသည်များလားပင်။

Noa သူ Aqua ပျောက်သွားမည် စိုးသဖြင့် လက်ကို မြဲမြံစွာဆွဲထားပြီး Kenjiကို လိုက်ရှာနေ၏။ သို့သော် နှစ်ယောက်သား တူညီသည့်နေရာကိုပင် ပြန်ပြန်ရောက်လာကြလေ၏။

Noa သူ နေရာကို ကျွမ်းကျင်သည့်နှယ် ရှာနေသော်လည်း Aqua သိနေ၏။ သူလည်း လည်နေသည်ပေ။ သူတို့ သန့်စင်ခန်းဘက်ကို ရှာကြည့်ပြီး မတွေ့လျှင် အပြင်ဘက်သို့ ထွက်ရှာကြရန် စဉ်းစားထားကြခြင်းဖြစ်သည်။

"Noa တစ်ယောက်ယောက်ကို မေးကြည့်ကြရအောင်.."

ထိုစဉ် Noa ခြေလှမ်းများ ရပ်တန့်သွားသဖြင့် Aqua တစ်ယောက် သူကျောပြင်နှင့် ၀င်တိုက်မိသွား၏။

Only with You《Completed》Where stories live. Discover now