Ch 7

749 60 35
                                    

ညနေ 4 နာရီ ဟောခန်းထဲ၌ ကျောင်းသား ကျောင်းသူများ ပြန်စုဝေးရပြီး အဘိုးအဘွားများကို အပန်းပြေစေရန် entertainment အမျိုးမျိုးဖြင့် ဖျော်ဖြေတင်ဆက်ရတော့မည် ဖြစ်သည်။

Aqua တို့ သူငယ်ချင်း အုပ်စုသည် ထောင့်တစ်နေရာ၌ ခဏအနားယူကာ စကားစမြည်ပြောနေကြလေ၏။

Lia သူ တာ၀န်ယူရသည့် အဘွားဖြစ်သူမှာ ချည်ထိုးသရဲဖြစ်ကြောင်းနှင့် တနေ့လည်လုံး သူမပါ ချည်လိုက်ထိုးရသောကြောင့် ဇက်ကြောပါတတ်သွားသည့်အကြောင်း ညည်း၏။ Mei သည် ‌သူတာ၀န်ယူရသည့် အဘိုးဖြစ်သူနှင့် ပတ်သက်၍ မည်သည်ကိုမှ ဇောတက တက်လာခြင်း မရှိပေ။ Ann လည်း သူမ နည်းတူစွာပေ။

တစ်ဖက်တွင်တော့ Kenji သည် သူ့ခေါင်းကို Noa ပေါင်‌ပေါ်လှဲစေပြီး ခြေထောက်ကိုတော့ Shun ပေါင်ပေါ် ဆန့်တန်းထားကာ ထိုင်နေသည့်သူတို့နှစ်ယောက်ပေါ် ကျောချပြီး လှဲနေလေ၏။ ခန္ဓာကိုယ်မှာ ပင်ပန်းနေသည့်ပုံပေါက်သော်လည်း သူ့ပါးစပ်မှာတော့ မည်သည့်အခါမှ ပင်ပန်းမည့်ပုံမပေါက်။

"Noa..မင်းပဲ စဉ်းစားကြည့်တော့ ..ငါအဲ့လောက်ထိ ခေါင်းမစားဘူးဘူး..ထိပ်ကိုလည်းကြည့်ပေးပါဦး..ငါ စဉ်းစားရလွန်းလို့ ဆံပင်တွေ ကျွတ်ပြီး ဆံဖြူတွေတောင် ထွက်နေပြီလားမသိဘူး...‌နေ့လည် အိပ်ချိန်လည်း တစ်စိမှ အိပ်မသွားဘူး.."

Shun သည် Kenji ၏ တဖွဖွ ငြီးတွားနေသည့် စကားသံကို မခံနိုင်တော့၍ သူ့ခြေထောက်ကို ပေါင်ပေါ်မှ ဖယ်ချလိုက်ပြီး နေရာမှ ထသွားလိုက်‌တော့၏။ Kenji သည် ထွက်သွားသည့် Shun နောက်ကျောကို ကြည့်ပြီး Noa အား နေ့လည်တုန်းက Shun ၏ သူ့အပေါ် သွေးအေးချက်ကို တိုင်၏။

"တကယ်ပြောတာ..သူလည်း ဘာတွေ လောင်နေလဲကိုမသိဘူး..crush တွေဘာတွေများ ငြင်းခံထားရလားမသိဘူး...hmmm...Aqua လည်း သူ့ကို ပြန်ကြိုက်တဲ့ ပုံပေါက်ပါတယ်..."

Noa သည် Kenji နောက်ဆုံး ပြောလိုက်သည့် စကားကို အာရုံရောက်သွားပြီး

"Aqua က ...Shun ကို..?"

Kenji သည် လက်ပိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင်ဖြေလိုက်တယ်..

"ဟုတ်တယ်လေ..."

Noa သည် "အော်...." လို့သာ ပြောနိုင်တော့ပြီး Kenji နှင့် စကားအစအန ပြန်ပြတ်သွားလေတော့၏။

Only with You《Completed》Where stories live. Discover now