Ch 15

582 59 0
                                    

"Aqua..ဘာလို့ ငါ့ကို ဒီအထိ လုပ်ခွင့်ပေးနေရတာလဲ?"

Shun သည် Aqua နား ပို၍ တိုးကပ်လာလေ၏။

"ငါ့ကို သဘာ‌ကျလို့မလား ?"

Aqua သည် စိတ်ထဲ၌ မီးနီ သင်္ကေတကို မြင်နေရ၏။

ထို့ကြောင့် သူမ နောက်ဆုတ်လိုက်၏။

"Shun...အဲ့တာကလေ..."

Shun သည် ရှေ့သို့ ဆက်တိုးလာ၏။ Aqua တစ်ယောက် ဆက်ဆုတ်စရာ နေရာလပ်မကျန်တော့ပေ။ သူ့မျက်လုံးများသည် သူမဆီမှ အကြည့် မလွှဲနေပေ။

"ငါ..ငါလည်း သေချာမသိတော့ဘူး..."

"သဘောမကျပဲနဲ့ ဘာလို့ ငါ့ကို ထိခွင့်ပေးနေတာလဲ...?"

Shun သည် Aqua ဂုတ်ပေါ်ကျနေသည့် ဆံပင်စုလေးကို ဆွဲယူပြီး ခပ်ဖွဖွနမ်းလာ၏။

"ကြောက်တယ်.. Shun.. အဲ့လိုတွေ မလုပ်ပါနဲ့လား..?"

"ပါးစပ်လေးနဲ့ ပြောနေလို့ မရဘူး Aqua.."

Aqua တစ်ယောက် ‌ခြေဖျားလက်ဖျားများ အေးလိုက်လာ၏။

Shun သည် နောက်မဆု‌တ်ပေးသေးဘဲ ရှေ့ဆက်တိုးလာ၏။ သူ့လက်ချောင်းများသည် Aqua လက်မောင်းကို ဖြည်းညှင်းစွာ ပွတ်သပ်နေလေ၏။

Aqua တစ်ယောက် ခံစားချက်များ ရောထွေးနေသည်။

"သိလား Aqua..ဒါ နင် အသားယူခံနေရတာ..ဒါမယ့် ငါ့ကို သဘောမကျပဲနဲ့ ဒီလို အထိခံတယ်ဆိုတော့ တခြားယောကျာ်းတွေ လာထိလည်း နင် ဒီအတိုင်း ငြိမ်နေမယ့်ပုံပဲ...နင်ဘယ်အဆင့်ထိရောက်မှ သဘောပေါက်မှာလဲ Aqua..."

Shun သူမကို မည်သည့်အရာကို သဘောပေါက်‌ခိုင်းနေပါသနည်း။ လက်ရှိအခြေအနေ၌ သူမ စဉ်းစားရန်ပင် ခက်ခဲနေလေ၏။

ထိုစ‌ဉ် Shun လက်များသည် Aqua ပေါင်ထက်သို့ ပွတ်သပ်လာ၏။ ရုတ်ချည်းပင် Aqua ခေါင်းထဲ ထိုနေ့ညက အခြေအနေသည် ပြန်၀င်လာလေ၏။ Aqua ချက်ချင်းပင် Shun ကို တွန်းထုတ်လိုက်၏။

သူမ Shun ကို သဘောကျမိ၍သာ ထိုကဲ့သို့ အခြေအနေမျိုးကို လက်ခံမိနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်းနားလည်သွားလေ၏။ သူမထိုကဲ့သို့ အထိခံနေရသည်ကို မသတီရွံရှာသည်ပေ။ သူမ ထိုခံစားချက်ကို ရှင်းရှင်းလင်းလင်းသဘောပေါက်သွားသော်လည်း ထိုကဲ့သို့ သူမ မကြိုက်သည်ကို တမင်တကာ လုပ်နေသည့် Shun ကို နားမလည်နိုင်တော့ပေ။ Shun သူမကို သဘောကျနေပြီဟူ၍ ထင်ခဲ့မိ၏။ သူမ စိတ်ကူးယဉ်လွန်းသွားသည်ပင် ဖြစ်လိမ့်မည်။

Only with You《Completed》Where stories live. Discover now