Ch 11

624 58 7
                                    

"ဆောရီး သမီး..အဖေ ခြံတံခါးကျော်ပြီး ၀င်လာတာ..သမီး အခန်းတံခါးကလည်း ဂျက်မချထားတော့ အဖေ ဒီည ဒီမှာပဲ အိပ်မလားလို့...ရရဲ့လား သမီး..?"

Aqua သည် သူမ အဖေ စကားကို ကြားသော် အနည်းငယ် စိတ်သက်သာရာရသွား၏။ မဟုတ်လျှင် သူမအဖေကို လမ်းပေါ်က ခုံတစ်ခုံပေါ်၌ လှဲနေသည့် ပုံကို ဆက်၍ မြင်ယောင်လို့ ပြီးနိုင်တော့မည် မဟုတ်ပေ။

Aqua တစ်ယောက် သူမအဖေ ထိုင်ခုံပေါ်မှာ ထိုင်နေသေးသည်ကို မြင်သော်

"အဖေ ကုတင်ပေါ်လာအိပ်လေ..."

ဖခင်ဖြစ်သူ၏ မျက်နှာသည် ပြုံးရွှင်သွားပြီး

"ဟုတ်ပ..ငါ့သမီးလေးနဲ့ တူတူမအိပ်ရတာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ မသိဘူး..."

Aqua သည် လူတစ်ယောက်စာ နေရာဖယ်ပေးလိုက်ကာ သူမအဖေနှင့် အတူ ပြန်အိပ်လေ၏။ သူမအဖေ ရှိနေသည့်အတွက်ကြောင့် သူမသည် ည‌နေက အဖြစ်အပျက်နှင့် အိပ်မက်ဆိုးကို ‌မစဉ်းစားမိတော့ပေ။ သူမသည် သူမအဖေကို ပွေ့ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။

အိပ်နေရင်း Aqua တစ်ယောက် သူမ ခန္ဓာကိုယ် တစ်နေရာမှ ယားကျိကျိ ခံစားမိ၍ နိုးလာလေ၏။ သို့သော် သူမ မျက်လုံးများကို မဖွင့်ရဲ။ သူမ ဖခင်သည် သူမ ပေါင်တစ်လျှောက်ကို လက်ဖြင့်ပွတ်သပ်‌နေသောကြောင့်ပင်။ သို့သော် ပုံမှန် ပွတ်သပ်ခြင်းမျိုး မဟုတ်။ Shun သူမကို ထိစဉ်က ပုံစံမျိုးပေ။

Aqua ရင်ဘတ်ထဲ၌ ဖော်ပြ၍ မရသည့် ခံစားချက်ကြီး တစ်ခုဖြစ်ပေါ်လာ၏။ ထိုခံစားချက်မှာ အကြောက်တရားနှင့် နီးစပ်၏။ ရွံရှာ မသတီခြင်းနှင့် လည်း နီးစပ်၏။

Aqua အော်လိုက်သင့်သည်လား မသိချင်ယောင်ဆောင်နေသင့်သည်လား သို့မဟုတ် သူမ အထင်မှားနေသည်ပင်လား မစဥ်းစားတတ်တော့ပေ။ ထိုစဉ် ကံကောင်းထောက်မစွာနှင့် သူမ စားပွဲခုံပေါ်မှ alarm နာရီ မြည်လာလေ၏။ Aqua ပေါင်‌အပေါ်ကို တောက်လျှောက် ထိလာနေသည့် လက်တစ်စုံသည် ရုတ်ချည်းပဲ ငြိမ်ကျသွား၏။ Aqua လည်း ထိုအချိန်ကို အခွင့်ကောင်းယူပြီး နှိုးစက်သံကြောင့် နိုးလာသည့်ဟန် နှင့် အိပ်ရာမှ ထလိုက်၏။ သို့သော် သူမအဖေသည် မျက်လုံးပိတ်ထားလျက်ပင် ရှိနေသည်ကို သိလိုက်ရ၏။

Only with You《Completed》Where stories live. Discover now