Ch 25

510 56 0
                                    

Aqua တစ်ယောက် Noa ပြန်အလာကို စိုးရိမ်တကြီးနှင့် စောင့်နေ‌လေ၏။

Noaသည် သူတို့ကို တာ၀န်ယူထားသည့် အပန်းဖြေစခန်းဘက်သို့ သွားကာ Aqua လိုအပ်နေသည့်ပစ္စည်းကို ယူလာခဲ့၏။

သူတို့နေသည့် အပန်းဖြေအိမ်ဘက်သို့ ပြန်‌ရောက်သော် တံခါးအပြင်ဘက် ထွက်စောင့်နေသည့် Aqua ကို တွေ့ရ၏။ သူသည် အမြန်သူမဆီပြေးသွားလိုက်ပြီး

"အထဲ၀င်နေလေ..ညဘက်လေစိမ်းတွေနဲ့..."

ထို့နောက် လက်ထဲကိုင်လာသည့် ခရမ်းနုရောင်အထုပ်ကို သူမလက်ထဲထည့်ပေးလာ၏။ Aqua တစ်‌ယောက် သူ့ကို နတ်သားတစ်ပါးအား ဖူးဖြော်နေရသကဲ့သို့ ကြည့်နေမိ၏။

"ကျေးဇူးပါ..."

သူမသည် ရှက်စရာကောင်းသည်ထက် Noaအပေါ် ထိုကဲ့သို့ ကိစ္စကို အကူအညီတောင်းလိုက်ရသဖြင့် အားနာမိ၏။ သူမသည် ပြီတီတီပြုံးပြပြီး ‌အား‌နာကြောင်းပြော၏။ ထို့နောက် ‌သန့်စင်ခန်းထဲသို့ အနည်းငယ်ကုန်းကုန်းလေးဖြစ်လျက် ဝင်သွားလေတော့၏။ ဗိုက်ကြီးလည်း လေးနေပြီး အမျိုးစုံ စားထားသည်ကြောင့် သူမ လာသည့် ပထမရက်ကို ငရဲအတိုင်း ခံစားရတော့မည်ကို သိနေ၏။ ရေချိုးခန်းထဲမှ ထွက်လာသော် Noaက သူမကို ထိုင်စေ၏။ ထို့နောက် စောင်ခြုံပေးထားပြီး ဂျင်းပြုတ်ရည် သောက်စေ၏။

Aqua ဂျင်း မကြိုက်ပေ။

"Lemon နဲ့ ဂျင်းကို ကြိတ်ပြီးဖျော်ထားတာ..
မကြိုက်လောက်ဘူးလို့တော့ ထင်တယ်..ငါလည်း ရေခဲသေတ္တာထဲက ဒါပဲတွေ့မိတော့.."

Noa စကားမဆုံးခင်မှာပင် Aqua သည် ဂွပ်ခနဲပင် သောက်ချလိုက်ပြီ ဖြစ်သည်။

"ကျေးဇူး..."

Aqua တစ်ယောက် အရသာကြောင့် မျက်နှာ ရှုံ့မဲ့နေသော်လည်း မရမက ပြုံးပြ၏။ Noaလည်း သူမကို ကြည့်ပြီး မပြုံးပဲ မနေနိုင်။

"Kenji နင့်ကို ထမင်းမစားလို့ စိတ်ပူနေတယ်..."

သူမသည် နှုတ်ခမ်းမသိမသာ စူလာပြီး ဆိုဖာ၌ ခွေခွေလေး ပစ်လှဲလိုက်၏။

"စိတ်မပူနဲ့တော့လို့..."

သူမ ညက မဆံ့မပြဲ စားသောက်နေခဲ့သည် ဖြစ်သည်။ နောက်နေ့၌ သူမမျက်နှာသည် Kenji ဖြစ်စေချင်သည့် အတိုင်း ပြန်ပြီး ဖောင်းကားလာတော့မည် ဖြစ်သည်။

Only with You《Completed》Where stories live. Discover now