Aqua တစ်ယောက် အိမ်ပြန်ရောက်သော် သူမအမေသည် ဆွဲအိတ်တစ်လုံးထဲ အ၀တ်များကို ထည့်နေလေ၏။ သေချာကြည့်လိုက်သော် သူမအ၀တ်များပင်။ သူမအမေသည် သူမကို မော့ကြည့်လာပြီး
"ဒီစနေ တနင်္ဂနွေ ကမ်းခြေဘက်သွားနေရမယ် သမီး..ကြော်ငြာပေးရမယ် သူတို့ အပန်းဖြေစခန်းကို..လေးယောက်လုံးကို ခေါ်ထားတာ..အဲ့မှာ တစ်ခါတည်း နားခဲ့..ပျော်စရာကြီး..ဟိုမှာ လေးယောက်အတွက် အပန်းဖြေအိမ်သီးသန့်လည်း စီစဉ်ပေးထားတယ်တဲ့..."
ထို့ကြောင့် Aqua ကျောင်းပိတ်ရက် စာလုပ်မည်ဟူ၍ စီစဉ်ထားခဲ့သည်မှာ ထိုကဲ့သို့ပင် ပျက်သွားခဲ့ပေသည် ဖြစ်သည်။
နောက်နေ့၌ Aqua တို့ ဘတ်စုံထူးချွန်ရသည့် လေးယောက်သည် ကြော်ငြာရိုက်ရန်အတွက် ခေါ်ထားသည့် အပန်းဖြေစခန်းဆီသို့ ခရီးထွက်လာခဲ့ကြ၏။ လဲ့ပြာပြာပတ်၀န်းကျင်၊ စိမ်းလန်းစိုပြည်သည့် နေရာ ကို နောက်ခံထား၍ နွေးထွေးပျူငှာသည့် အပြုံးများသည် ခရီးပမ်းလာသည်ကိုပင် လန်းလန်းဆန်းဆန်းဖြစ်သွားစေရန် ကြိုဆိုနေကြ၏။
Aqua တို့ ခဏလောက် နားပြီးသော် ရေချိုးအ၀တ်အစားလဲရ၏။ ကမ်းခြေနှင့် လိုက်ဖက်စေရန် ၀တ်စားရသည့် အတွက် Aqua နှင့် Vivian မှာ အရောင်နုနု ကြိုးတစ်ချောင်းဂါ၀န်ကို ကိုယ်စီ၀တ်ထားကြ၏။ Noa တို့မှာမူ ပန်းကွက်များပါသည့် ကမ်းခြေဆန်ဆန် တီရှပ်နှင့် ဘောင်းဘီတိုတို့ကို ၀တ်ထားကြ၏။ထို့နောက် မျက်နှာကို အနည်းငယ် ခြယ်သ ပြင်ဆင်ပြီးသော် သူတို့လေးယောက်လုံးသည် ကင်မရာရှေ့ထွက်ရန် အဆင်သင့်ဖြစ်သွားကြပြီ ပင်ဖြစ်သည်။
Aqua တစ်ယောက် အနည်းငယ် နေရခက်နေသဖြင့် သူမလက်မောင်းကို ပွတ်သပ်နေလေ၏။ Vivian သည် အငြိမ်မနေသည့် သူမလက်မောင်းများကို ခပ်ဖွဖွပုတ်ထလိုက်၏။
"စိတ်လျှော့ထား..."
Aqua လည်း မသက်မသာ အပြုံးနှင့် ကင်မရာကို ကြည့်၏။ ဓာတ်ပုံ အမျိုးမျိုးရိုက်ပြီးသော် ကင်မရာသမားသည် သူမနှင့် Vivian တွဲဖက်ဖြစ်သူ Billကို ခဏ ဖယ်ထားပြီး Vivian နှင့် Noa နှစ်ယောက်ကိုတွဲလျက် ဆက်ရိုက်ပေးနေလေ၏။ Aqua စိတ်ထဲ မည်သို့မျှ မဖြစ်သွားပေ။ သူမ ကောင်းကောင်းမလုပ်နိုင်သည်ကို သိ၍ ဖြစ်သည်။ Billလည်း သူမကဲ့သို့ပင် ဖြစ်သည်။ သူသည် အေးအေးဆေးဆေးပင် လက်တော့ပ်ထိုင်သုံးနေလေ၏။
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Teen Fiction#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama