Ch 8

670 62 14
                                    

အဘွား Ci Ci သည် အိပ်မောကျနေသည့် ကလေး 4ယောက်ကို ကြည့်လျက် ပြုံး၏။

"မြင်နေရတယ်...သူတို့ စိတ်ဝိဉာဉ်လေးတွေကို...နေ့လည်က ကဗျာ... သူတို့ အငွေ့အသက်လေးတွေပါ ပါနေတယ်.."

ထို့နောက်အဘိုး Nile ကို ခပ်ဖွဖွပုတ်လာ၏။

"နှိုးပေးပါဦး..ညနေခင်းကြီး အိပ်နေကြတာ ဖျားတော့မှာပဲ.."

အဘိုး Nile သည် သူမ မပြောခင်ကတည်းကပင် သူတို့ကို နိုးတော့မည် လုပ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားနာမနေတော့ပဲ

"ဟျောင့် Kenji! ထ!"

Kenji တစ်ယောက် အဘိုး Nile အသံကြောင့် ကြောက်ကြောက်လန့်လန့်ကမူးရှူးထိုးဖြင့် ထလာပြီး အိပ်ချင်မူးတူးနှင့် ကယောင်ကတမ်းတွေအော်တော့၏။

"အဘ ကျွန်တော့်ကို ချမ်းသာပေးပါ..တကယ်ကို Checker မဆော့နိုင်တော့ဘူးဗျ.."

"Tsk Tsk Tsk ...."

အဘိုး Nile သည် ခေါင်းသာခါနိုင်တော့ပြီး အဘွား Ci Ci ကိုသာ ခေါ်ကာ နေရာမှ ထွက်သွားလေတော့၏။

အဘွား Ci Ci သည် မသွားခင် Aqua တို့ကို ညင်ညင်သာသာ နှိုးထားလိုက်ပြီး နောက်ကနေသာ အေးဆေး လိုက်လာကြရန် မှာ၏။

Aqua သည် သူမကိုယ်ပေါ်မှ အ၀တ်နှစ်ထည်ကို မြင်သော် ခဏတာမျှ ကြောင်သွား၏။ အိပ်ပျော်နေစဉ် သူမ ရေမွေးနံ့သင်းသင်းလေးကဲ့သို့ ရနေခဲ့သည်မှာ မထူးဆန်းတော့ပေ။ ထို့နောက် အပေါ်ထပ်လွတ်နေသည့် Shun နှင့် Noa ကို မြင်မှ အားနာနာဖြင့် အင်္ကျီများကို ပြန်ပေးလိုက်၏။

Kenji သည် စနောက်သည့် လေသံဖြင့်

"အဲ့နှစ်ကောင် ငါ့အင်္ကျီကိုပါ ချွတ်ပြီး နင့်ခေါင်းကိုပါ အုပ်မလို့ ကြံနေတာ..အဲ့ကျ နင်ဘာကြီး ဖြစ်သွားမယ်ထင်လဲ..?"

Noa သည် Kenjiကို Aqua အား ဆက်မစတော့ရန် တတောင်ဖြင့် တွတ်၏။

Aquaသည် အဖြေကို မသိ၍ မေး၏။

"ဘာဖြစ်သွားမှာလဲ?"

ထိုစဉ် Shun သည် Aqua ဘေးနားမှ ဖြတ်လျှောက်သွားရင်း ပြောလာ၏။

"သူ့အင်္ကျီက နံတယ်‌လေ"

Kenji တစ်ယောက် Shun စကားကို ကြားသော်  အပြန်လမ်းကြောင်း၌ သူ့ကို တမင်တကာပင် နားငြီးအောင် ဆက်တိုက်စကားများပြီး လိုက်လာလေတော့၏။

Only with You《Completed》Where stories live. Discover now