Ch 39

624 54 0
                                    

Aqua တစ်ယောက် သူမရှေ့၌ ရပ်လာသည့်ကောင်လေး‌ကိုမြင်ပြီး ဖုန်းကို သိမ်းလိုက်လေ၏။ ထို့နောက် ၀မ်းမြောက်စွာနှင့်

"Noa..."

သူမသည် Noaကို ခြုံငုံကြည့်လိုက်၏။

"မတွေ့ရတာ ကြာသွားသလိုပဲ.....Noa..တကယ် မတွေ့ရတာ ကြာသွားသလိုပဲ..."

"လွမ်းနေတာလား..."

Aqua ပြုံးပြ၏။

"လွမ်းတာပေါ့....အရင်လို ငါ့ကို စကားလာပြောတာကို..."

"ငါရောပဲ...."

Noa သူမကို ကြည့်နေကြအတိုင်းပင် နူးညံ့နွေးထွေးစွာနှင့် စိုက်ကြည့်နေလေ၏။ Aqua တစ်ယောက် အေးချမ်းဆိတ်ငြိမ်သည့် ခံစားချက်ကို ခံစားလိုက်ရပြန်သည်ပေ။

နှစ်ယောက်သား ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ပြိုင်နက်တည်းပင် တူညီသည့် စကားတစ်ခွန်းကိုသာ ပြောမိလိုက်ကြလေ၏။

"စကားပြောလို့ရမလား...?"

ထို့နောက်  စကားထပ်သွားသည်ကို သဘောကျသွား၍ ပေါ့ပေါ့ပါးပါးပင် ရယ်လိုက်မိကြ၏။

Noaသည် အသံမဆူသည့်နေရာသို့ သွားကြရန် ပြော၏။

Ann နှင့် Mei သည် ကပွဲပြင်မှ ပြန်ထွက်လာရင်း သူတို့နှစ်ယောက် တူတူထွက်သွားသည်ကို မြင်လိုက်လေ၏။

Noa သည် သူ့ ဂုတ်ပိုးကို သပ်လိုက်ပြီး စကားပြောရန်အရှိန်ယူ၏။ ထို့နောက်

"တောင်းပန်ပါတယ်...ငါ့ကြောင့် နင်ဒီနှစ် မပြိုင်ရတော့တာ..."

Aqua တစ်ယောက် Noa ထိုကဲ့သို့ စဉ်းစားနေမိမှန်းမသိလိုက်ပေ။ ထို့ကြောင့် အနည်းငယ် အံ့ဩသွားမိလေ၏။

"မဟုတ်တာ...ဘာမှမဖြစ်ပါဘူး.."

Noa တစ်ယောက် သက်ပြင်းခပ်ဖွဖွချလိုက်ပြီး

"အဲ့တာကြောင့် ငါလည်း ဒီနှစ် မပြိုင်တော့ဘူး..."

Aqua ထိုစကားကို ကြားသော် မျက်နှာပျက်သွားလေ၏။ ထို့အပြင် သူမ စိတ်ထဲ၌ ရေနွေးဆူလာသည့်အတိုင်းလည်း ခံစားလိုက်ရ၏။ Noaအကြောင်းအရင်းမရှိ သူမ ကို စကားမပြောပဲနှင့် လျစ်လျူရှုထားသည်ကို‌‌တောင်မှပင် သူမ ဒေါသမထွက်ခဲ့ပေ။ သို့သော် ယခုတစ်ခေါက်၌ သူမ သိသိသာသာပင် ခံစားလိုက်ရသည်ပင်။

Only with You《Completed》Where stories live. Discover now