အမှန်မှာ Kenji သူသည် ပထမဆုံးဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ယခုမှ ကလေးဘ၀က အကြောင်းအရာများကို ပြန်လည် ပြောပြပြီး သူမကို ချုပ်ထားမနေချင်ပေ။
Aqua တစ်ယောက် Kenji လက်များကို ကိုင်ရန် ကြိုးစား၏။ သို့သော် သူ့လက်များက အညှာအတာကင်းစွာနှင့်ပင် ရှောင်လိုက်လေသည်ပေ။
"Kenji ငါပြောတာ နားထောင်ပါလား.."
Kenji သူမ မျက်နှာကို ကြည့်ရင်း မပြောနိုင်။ သူမကို စိတ်ဆိုးချင်သည့် စိတ်များ ပျောက်သွားမည်စိုး၍ပေ။ Aqua ကို ဆက်လက်ကျောပေးထားပြီး မျက်ခုံးကြားလက်ထောက်လျက် စိတ်ငြိမ်အောင်လုပ်၏။ သူ ယခုလို ပြောလိုက်ခြင်းကြောင့် Aqua စိတ်ထဲ ၀မ်းနည်းသွားမည်လားပင်။ သူ့အသံမာသွားသည်များလားပင်။ သူနောင်တရနေမိ၏။ သူ့ကို Aqua ထားသွားရမည့် နောက်ထပ်အကြောင်းအရင်းတစ်ခုများ တိုးသွားတော့မည်များလားပင်။ သူ ယခုမှ ကြောက်နေသည်မှာလည်း ရယ်စရာကောင်းနေ၏။ အစကတည်းကပင် လုပ်ယူမိထားသည့် ဆက်ဆံရေး ဖြစ်သည်ကို သူမေ့နေမိခဲ့သည်ပေဖြစ်သည်။ Aqua သူ့ကို မုန်းနေလောက်မည်ဖြစ်သည်။ ထို့အပြင် ခုနမှ ပြောလိုက်သည့်စကားကြောင့် သူမ သူ့ကို ပို၍ပင် မုန်းသွားမည်မှာ သေချာသလောက် ရှိသွားပြီလည်း ဖြစ်မည်ပေ။
"Kenji....Kenji..."
သူဟိုလျှောက်ဒီလျှောက်ဖြင့် Aqua ကို ရှောင်နေလိုက်၏။ သူမ ခေါ်သံကို သူ မကြားချင်ယောင်ဆောင်နေလေ၏။ သူ မျက်နှာချင်းမဆိုင်ရဲ။ သူ လှည့်မကြည့်ရဲ။ သူကြောက်နေသည်။ ယခုသူမကို လှည့်ကြည့်လိုက်လျှင် သူမကိုနောက်ဆုံးမြင်ရခြင်းဖြစ်သွားမည်ကို သူကြောက်နေလေ၏။
Aqua တစ်ယောက် သူ့နောက်လိုက်နေသည်ကို ရပ်လိုက်၏။ သူမ ကြောက်နေခဲ့သည်မှာ သူ့အပေါ်ထားသည့် သူမခံစားချက်များကို မပြောပြလိုက်နိုင်ရမှာကိုပင်။ ထို့အပြင် သူမ အကြောက်ဆုံးမှာ Kenjiကို ဆုံးရှုံးလိုက်ရမည်ကိုပေ။ Kenji ဖြစ်နေသည်ကို သူမ နားလည်၏။ သူ စိုးရိမ်နေသည်ပေ။ အထင်လွဲနေချိန်၌ သွေးဆူသွားသည့် အတွက်ကြောင့် ပြောမိလိုက်သည့် စကားကို သူမ အတည်မယူချင်ပေ။ သူမ ဆရာမနှင့် တွေ့ခွင့်ရခဲ့သဖြင့် ၀မ်းသာမိလေ၏။ သူမ အရင် စဉ်းစားမှုမျိုးနှင့်ဆိုလျှင် Kenji ကို သေချာပေါက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ သို့သော် ယခု ကိစ္စသည် သူမ ဖြေရှင်းလို့ရနိုင်သေးသည်။ ထို့ကြောင့် Kenji သူမအပေါ် ပြန်လည်အာရုံစိုက်လာစေရန် တစ်စုံတစ်ခုလုပ်ရမည်ဖြစ်သည်။
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Teen Fiction#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama