Ch 14

571 59 0
                                    

Shun တစ်ယောက် စာသင်ပြီးနောက် အခန်းထဲ ပြန်၀င်လာသော် များပြားထူထဲလာသည့် သူ့စားပွဲပေါ်မှ စာအုပ်များကို မြင်၍ စိတ်ကုန်သွား၏။

သူသည် သင်္ချာ စွမ်းရည်ပြိုင်ပွဲကို ကျအောင် ဖြေမည်ဟူ၍ စဉ်းစားထား၏။ ထိုအခါ သူ့ အိမ်ကို Adaလည်း လာစရာအကြောင်းရှိတော့မည် မဟုတ်တော့ပေ။

Kenji မည်ကဲ့သို့ Ada ကို တွဲခဲ့ပါသနည်း။ Shun မျက်လုံးထဲ၌ Ada သည် ဆက်စုပ်စဖွယ်ကောင်း နေသည်သာပင်။

"Shun..Shun..."

သူ့ကို ခေါ်နေသည့် ချွဲပျစ်ပျစ် အသံပိုင်ရှင်မှာ Ada ဖြစ်မှန်းသိသော် သူသည် စိတ်ပျက်လက်ပျက်နှင့် ပြော၏။

"ပြန်လို့ ရပြီလေ..ပြီးတော့ ငါ့အခန်းထဲ ခြေမချနဲ့လို့လည်း ပြောထားတယ်လေ..."

Ada တစ်ယောက် ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောလာ၏။

"ငါခေါ်တာမှ နင် အရေးမစိုက်တာ..."

"စိုက်စရာလား.."

Ada တစ်ယောက် ‌စိတ်ထဲ အောင့်သက်သက်ဖြစ်သွား၏။ သို့သော် သူမသည် ဆံပင်ကို ပြန်ပြင်လိုက်ပြီး

"စာမေးပွဲ ပြီးရင်လေ..ငါတို့ နှစ်ယောက် ရုပ်ရှင်သွားကြည့်ရအောင်လေ..ဂုဏ်ပြုတဲ့အနေနဲ့..."

Shun သည် မျက်မှောင် ကြုတ်လာပြီး

"နင့်မှာ ကောင်လေးမရှိဘူးလား?"

"ရှိတယ်လေ..နင်လည်းသိတဲ့သူ Kenjiလေ..."

"အဲ့တာကို ပြောချင်တာ မဟုတ်ဘူး.."

"ကောင်လေးရှိရင် နင်တခြားယောကျာ်းလေးတစ်ယောက်ကို ဒီလို လိုက်နှောင့်ယှက်နေလို့ မရဘူးဆိုတာ မသိဘူးလား..?"

Ada တစ်ယောက် ပြုံးလိုက်ပြီး

"ကောင်လေး မရှိအောင် လုပ်လိုက်မှာပေါ့.."

Shun တစ်ယောက် ပြောစရာစကားပင် ပျောက်ရှသွားခဲ့သည်။

"Shun နင်က Kenji ထက် ပိုဆွဲဆောင်မှုရှိတယ်...ငါနဲ့ ပိုလိုက်ဖက်တယ်...တော်တဲ့ နေရာချင်းလည်း တူတယ်..ပြီးတော့ ငါ...ခံစားရတယ်...နင် ငါ့ကို ဖက်ထားတာကို မြင်ယောင် ကြည့်ရင်လေ..."

"ရွံစရာ..."

"..."

Ada တစ်ယောက် သက်ပြင်းချလိုက်ပြီး

Only with You《Completed》Where stories live. Discover now