Ch 28

498 56 1
                                    

Aqua တစ်ယောက် လက်မောင်းနား၌ ယားကျိကျိဖြစ်နေသဖြင့် ကုတ်ရင်းမေးလိုက်၏။ စိတ်ထဲ၌လည်း မလုံမလဲ ဖြစ်နေလေ၏။

"ငါ..အရက်တွေ သောက်လိုက်မိ?.."

Kenji သူမဘက်သို့ ခေါင်းပြန်လှည့်လာ၏။ သူပြောလိုက်သည့် စကားထက်  အရက်သောက်မိလိုက်သည်ကို ပိုစိုးရိမ်နေသည့် Aquaကို သူစိတ်ထဲ၌ သဘောကျစွာနှင့် ရယ်နေမိ၏။

ထို့နောက် နူးညံ့သည့် အပြုံးနှင့် Kenjiပါးပြင်သည် ဖြူလွှလွှခေါင်းအုံထက်ကို ခပ်ဖွဖွ ပွတ်တိုက်သွားလေတော့၏။ Aqua ပြောသည့်စကားကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

Aqua ကုတင်ထက်မှ မထရဲ။ သူမ ရာသီလာနေသည်။ ထို့အပြင် သူမ ညက မည်ကဲ့သို့ အ၀တ်လဲသန့်စင်ခဲ့သည်ကိုလည်းမမှတ်မိပါပေ။ သူမ သန့်ရှင်းနေသကဲ့သို့ ခံစား‌နေရသော်လည်း မထရဲပေ။ ထို့အပြင် Kenjiကို သူမ မည်ကဲ့သို့ အဖြေပေးခဲ့သည်ကိုလည်း မမှတ်မိပေ။ သူမ ညက Kenji ရောက်လာပြီး ကမ်းခြေဘက် ပြန်ထွက်ကာ ဖျော်ရည်ဟု ထင်မှတ်ခဲ့သည့် အရက်ကို သောက်လိုက်မိသည်အထိသာ မှတ်မိ၏။

Aqua တစ်ယောက် မည်သည့်ကိစ္စကို အရင်မေးရမှန်းလည်း မသိတော့ပေ။

စဉ်းစားခန်း၀င်ရင်း သူမ မျက်လုံးများသည် ခေါင်းအုံပေါ် ပါးအပ်မှောက်‌အိပ်နေသည့် Kenji၏ ကျောပြင်တလျှောက် အမှုမဲ့အမှတ်မဲ့ သက်ဆင်းသွား၏။ သူ့မျက်လုံးများမှာ မှေးလိုက် ဖွင့်လိုက်နှင့် သူမကို ကြည့်နေ၏။  ဖြူလွှလွှစောင်ပါးသည် Kenjiတင်ပါးဆုံထက်၌ တသားတည်း ကပ်တင်နေသည်မှာ Kenji အောက်ပိုင်း၌ မည်သည်ကိုမှ မ၀တ်ထားသည့်အတိုင်းပင်။ သူမ အာခေါင်ခြောက်နေသည်ကို ခံစားမိသဖြင့် တံတွေးမြိုချမိလိုက်၏။

"စောင်ခြုံထားစမ်း..!"

သူမသည် ခေါင်းအုံးတစ်အုံးကို သူ့ကျောပြင်ပေါ် ပစ်တင်လိုက်၏။

"အမ Vivian ရော? နင်ဘာလို့ ဒီထဲ လာ‌အိပ်နေတာတုန်း.."

Kenji တစ်ယောက် ပျင်းတိပျင်းတွဲဖြင့် ပြန်ဖြေလာ၏။ သူ့မျက်လုံးများမှာ ပြန်ပိတ်သွား၏။

"သူ့ကောင်လေးအသစ်နဲ့ သွားအိပ်နေတယ်...ငါတို့ နှစ်ယောက်လို..."

Only with You《Completed》Where stories live. Discover now