Ch 18

573 60 0
                                    

Kenji သည် ပွဲ့ကြည့်ခုံတန်း၌ ပျင်းတိပျင်းတွဲနှင့် ခြေဆန့်ထိုင်နေပြီး Aqua တို့ အပြေးပြိုင်နေသည်ကို ကြည့်၏။ တစ်ဖက်၌ Noa တို့မှာကွင်းမအားသေး၍ ဒိုက်ထိုး နှင့် အိပ်ထမတင်တို့ကို အရင်လုပ်နေရ၏။ သူ့အမ Vivian သည်လည်း အပြေးပြိုင်နေလေ၏။ Kenji သည် သူ့အမနှင့် Noa တို့ ပြိုင်ပွဲထက် Aqua ဘက်ကိုသာ စိတ်၀င်တစားကြည့်‌နေလေ၏။ သူ့မျက်လုံးထဲ၌ Aqua သည် သေး၏။ ထိုကဲ့သို့ ပြေးခြင်းလွှားခြင်းဆိုသည့် လှုပ်လှုပ်ရှားရှား ကိစ္စနှင့် မလိုက်ဖက်ဟူ၍ ထင်မြင်မိ၏။ သို့သော် Aqua တစ်ယောက် ပြိုင်သမျှ၌ ထိပ်ဆုံးမှ ဦးဆောင်နေသည်ကို မြင်သော် မအံ့ဩပဲနှင့် မနေနိုင်။ ထို့‌နောက် သူမနိုင်မည်ကို လောင်းထားသည့် အတိုင်း ထိုင်ခုံပေါ်မှ အားပေးနေလေ၏။ ထိုစဉ် Aqua လဲကျသွားသည်ကို မြင်သော် သူ့ဘေးနားမှ မိဘများကဲ့သို့ သူလည်း အလန့်တကြား နေရာမှ ထကြည့်လာ၏။ ထို့နောက် ချက်ချင်းပင်  ကွင်းထဲသို့ ပြေးချသွားလေတော့၏။ Aqua အမေလည်း နောက်ကနေ လိုက်လာလေ၏။ သို့သော် Kenji ကို မမှီပေ။

Aqua တစ်ယောက် မြေပြင်ပေါ် မှောက်လျက်ဖြစ်‌နေစဉ် သူမဘေးနားမှ ပြေးဖြတ်သွားကြသည့် ခြေသံများကို ကြားလိုက်ရ၏။ တခြားကျောင်းသူများသည် သူမကို တစ်ချက်မှ လှည့်မကြည့်သွားကြပေ။ 

သူမ ဒေါသထွက်နေ၏။ ခံပြင်းနေ၏။ သူမမျက်လုံးထဲ၌ ထိုကောင်မလေးသုံးယောက်ကို ပြန်မြင်ယောင်ကြည့်လာ၏။ မိမိနှင့် သိပင် မသိသည့် သူစိမ်းများကို ဒေါသထွက်မိလိမ့်မည်ဟူ၍ စဉ်းတောင် မစဉ်းမိခဲ့ပေ။ သူမသည် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး

"Fckk! နင်တို့ နောက်တစ်ခါ ငါနဲ့မတွေ့မိစေနဲ့..."

Aqua အားယူလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဖြေးဖြေးချင်း ထလာပြီး ဆက်ပြေး၏။ ဒူးစွပ်တံတောင်စွပ် စွပ်ထား၍ မပွန်းသွားသော်လည်း သူမ မေးနှင့် နဖူးမှာမူ ကွဲနေသည်ပင်ဖြစ်သည်။ သူမသည် အံကြိတ်ကာ ဒေါသကို လောင်စာအနေနှင့် ထားပြီး ဆက်ပြေး၏။ ထိုစဉ် သူမဘေးနားသို့ တစ်စုံတစ်ယောက်သည် အမှီပြေးလိုက်လာသည်ကို မျက်လုံးထောင့်မှ မြင်နေရ၏။

Only with You《Completed》Where stories live. Discover now