Ch 3

1K 63 11
                                    

ဆူညံနေသော စာသင်ခန်းထဲသို့ ၀င်ရောက်လာသည့် အတန်းပိုင်ဆရာမ၏ ပုံရိပ်ကြောင့် ကျောင်းသားကျောင်းသူများအားလုံး ငြိမ်သက်သွားကြ၏။ ဆရာမသည် ထိပ်ဆုံးခန်းထဲက ကျောင်းသားများ၏ ရိုကျိုးတတ်သည့် စရိုက်ကို ကြည့်မိတိုင်း အမြဲတမ်း ကျေနပ်နေကာ ဂုဏ်ယူမဆုံးဖြစ်၏။ ထို့နောက် ချောင်းတစ်ချက်ဟပ်ကာ လည်ချောင်းရှင်းလိုက်ပြီး

"ဒီတစ်ပတ် တနင်္ဂနွေနေ့ကျ ‌ဆုယူရမယ့် ကျောင်းသားတွေကို ဖိတ်စာပေးမယ်..."

Aqua တစ်ယောက် သူမဆီ လက်ဆင့်ကမ်းပေးခံလာရသည့် ဖိတ်စာကို ဖွင့်ကြည့်၏။ သူမဘေးနားမှ သူငယ်ချင်းများကလည်း အားကျ စူးစမ်းစိတ်နှင့် ဝိုင်းအုံကြည့်လာကြ၏။ Aqua တစ်ယောက် ထိုခံစားချက်ကို သဘောကျ၏။

"ဒီနှစ်လည်း Top 10ဆယ်ယောက် ဘယ်သူတွေဖြစ်မလဲ မျှော်နေပြီ..လာမယ့် mid termကိုလည်း ကောင်းကောင်းလုပ်ကြ..အဲ့ကနေ ဘက်စုံနဲ့ စွမ်းရည် ဖြေဖို့ လူရွေးဖို့ရှိတယ်..."

အတန်းပိုင်ဆရာမ၏မှာကြားချက်ပြီးနောက် ယနေ့ သင်ခန်းစာများကို စတင်သင်‌ကြားလေတော့သည်။

Aqua တစ်ယောက် နေ့လည်ထမင်းစားချိန်၌ ပုံမှန်အတိုင်း သူမထိုင်ခုံဖက် သူငယ်ချင်း သုံးယောက်နှင့်အတူ ကန်တင်းမှာ သွားထိုင်စား၏။

သူတို့သူငယ်ချင်းအဖွဲ့သည် မနက်က အတန်းပိုင်ဆရာမပြောသွားသည့် ဘက်စုံနှင့် စွမ်းရည်စာမေးပွဲအကြောင်းပြောနေကြ၏။

Ann အမည်ရသည့် မျက်နှာဝိုင်းဝိုင်း ဆံပင်ဂုတ်၀ဲနှင့် ကောင်မလေးက ပြော၏။

"ဘက်စုံက ဘာသာစုံ..အထွေထွေ ဗဟုသုတ..ပြီး အားကစားပါ ပြိုင်ရတယ်..ကျောင်းက mid term စာမေးပွဲနဲ့ ဆုံးဖြတ်ရွေးရင် မြို့နယ်အဆင့် ဖြေရမယ်.အောင်ရင် တိုင်း အဆင့်..ပြီးရင် နိုင်ငံအဆင့်.."

Aqua တစ်ယောက် ထိုစာမေးပွဲအကြောင်းများကို သိထား၏။ ထို့အပြင် သူမ ဖြေချင်သည့် စာမေးပွဲမှာ သင်္ချာစွမ်းရည်ပြိုင်ပွဲဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် ‌ကျောင်းသားတစ်ယောက် ကျောင်းသူ တစ်ယောက်ဆီ ရွေးသည်ကြား၏။ Aqua သူမ၏ သင်္ချာ စွမ်းရည်ကို ယုံကြည်ချက်ရှိသည်။ ဒီနှစ်ကို သူမသည် ကျောင်းကိုယ်စားပြုအနေနှင့် ပါ၀င်ချင်သည်။  Shun နှင့် အတူပြိုင်ပွဲ၀င်ချင်သည်။

Only with You《Completed》Where stories live. Discover now