Ch 35

505 56 0
                                    

Aqua တစ်လကျော်အိမ်၌ နားလိုက်ရပြီးနောက် ကျောင်းပြန်တက်ပြီဖြစ်သည်။‌ Shun ဆီမှ ‌စာပြန်ကူးပြီး ပြန်လေ့လာသည်ကြောင့် စာနောက်ကျမည်ကို မစိုးရိမ်ခဲ့ရပေ။ သို့သော် စိတ်ထဲ၌ တမျိုးလေး ဖြစ်နေလေ၏။ အတန်းဖော်များကို ပြန်တွေ့ရမည်ကိုပင်။ သူမ သူငယ်ချင်းများ ပြောပြချက်အရ အတန်းထဲ၌ လူအသစ်များလည်း ရှိနေပြီ ဆိုသည်ကိုပေ။ Aqua အခန်းအပေါက်၀၌ အတွေးခဏလွန်နေမိလေ၏။

"မ၀င်ရင် ဖယ်..."

သူမ နားသို့ ရောက်လာသည့် ကျောင်းသူလေး တစ်ယောက်သည် သူမအပေါက်၀၌ ရပ်နေသည်ကို စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် ပြောလာ၏။ Aqua လည်း အားနာသွားပြီး ဖယ်ပေးလိုက်သော် တစ်ဖက်မှသူမှာ မည်သူမှန်း သိလိုက်ရ၏။

Adaပင်။ သူမ အခန်းမှားပြီ အထင်နှင့် အပေါ်ကို တစ်ချက်မော့ကြည့်လိုက်လေ၏။ သို့သော် အခန်းမှား‌မနေပေ။

Ada သည်လည်း တစ်ဖက်မှကျောင်းသူမည်သူမှန်း  သိလိုက်သော် သူမ ပါး၌ စပ်ဖျင်းဖျင်းဖြစ်သွားသည့် ခံစားချက်ကို ရလိုက်လေ၏။ သို့သော် သူမကို မြင်၍ အခန်းမှားသည် ထင်နေသော Aqua ကြောင့် သူမ စိတ်ထဲ ‌ကသိကအောင့်ဖြစ်သွားလေ၏။ သူမအကြည့်များမှာ သူမကို သူတို့အခန်းနှင့် မထိုက်တန်သည့်နှယ်ပင်။

"Aqua...."

Meiသည် Aqua ကို မြင်သော် နေရာမှ ထလာ၏။ ထို့‌နောက် သူမကို ထိုင်ခုံနေရာဆီ လိုက်ပို့‌ပေး၏။ Mei အရှေ့ထိုင်ခုံပင်ဖြစ်သည်။ Aqua သည် Ada လည်း သူမ မျက်စောင်းထိုးနားမှ ထိုင်ခုံတစ်ခု၌ ၀င်ထိုင်လိုက်သည်ကို မြင်လိုက်၏။ ထိုကျမှသာ သူမသည် အသစ်တက်လာသည့် တခြားအခန်းမှ ကျောင်းသူတစ်ယောက် ဖြစ်မှန်းသဘောပေါက်လိုက်လေတော့၏။

Aqua ရောက်ပြီး မကြာပေ။ Ann နှင့် Lia တို့လည်း ‌အတန်းထဲရောက်လာကြပြီဖြစ်သည်။ သူမကို ငိုမဲ့မဲ့ရုပ်များဖြင့် လာဖက်လာပြီး သူမကျောင်းပြန်တက်လာသည်ကို ကြိုဆိုကြလေ၏။

Adaတစ်ယောက် ထိုမြင်ကွင်းကို မြင်ပြီး အကဲပိုသည့်အတိုင်း သူတို့ဘက်ကို မျက်စောင်းထိုးကြည့်လိုက်သည်ကို Aqua ဘက်ခနဲ မြင်လိုက်ရ၏။ Aqua သူမကို မကြိုက်ပေ။

Only with You《Completed》Where stories live. Discover now