Laptop သုံးနေသည့် Billသည် မျက်မှန်ကို ပင့်တင်လိုက်ပြီး Aqua အမေးကြောင့် တိတ်ဆိတ်သွားသည့် လေထုကြီးကို ဖြိုခွင်းလိုက်လေ၏။
"ညက လူရမ်းကားတစ်သိုက်ကို သူတို့နှစ်ယောက်က ရန်သွားစလို့"
မီးဖိုချောင်တစ်ခုလုံး Bill စကားကြောင့် ပို၍ပင် ဆိတ်ငြိမ်ကျသွားကြလေ၏။ Bill တစ်ယောက် သူ လုပ်ကြံပြောလိုက်သည့် စကားသည် ယုတ္တိမဆန်မှန်း နားလည်လိုက်သော် ချောင်းတစ်ချက် ဟပ်လိုက်ပြီး
"သူတို့နှစ်ယောက်ကို ပြောတာ..."
ထိုကျမှသာ အခန်းထဲ၌ အနည်းငယ် ပြန်၍ လှုပ်လှုပ်ရှားရှားရှိလာကြ၏။ အမျိုးသမီးကြီးလည်း Bill ခင်းထားသည့် လုပ်ကြံဇာတ်ကို အကြောင်းအရင်းနားမလည်စွာနှင့် ဇာတ်ကပေးလာ၏။
"ပွဲရှိတော့ကွယ်...လုတာ ယက်တာတွေလည်း ဖြစ်တတ်တယ်လေ...ဒါမယ့် အန်တီတို့ လုံခြုံရေးဖြည့်တင်းဖို့ လုပ်နေပါတယ်...."
Aqua လည်း ထိုနှစ်ယောက်ပြောသည့်စကားကြောင့် မျက်နှာပေါ်၌ စိုးရိမ်ရိပ်သမ်းသွား၏။
"Noa..ဘယ်လောက်ထိ ထိခိုက်သွားလို့လဲဟင်..လူရမ်းကားတွေက ဘယ်နှစ်ယောက်တောင်လဲဟင်?"
Kenjiသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး
"ငါ့လောက်တောင် မဆိုးပါဘူး..."
ထို့နောက် Aqua ကို ခေါင်းစခြေဆုံး တစ်ချက်ရှိုးလိုက်၏။
"သူများသွားပူမနေနဲ့ဦး...နင်ရော ..ဘယ်လိုနေလဲ...ဆရာ၀န်ဆေးပေးသွားတယ်မလား.."
Vivian တို့လည်း ချက်ချင်းပင် သူမအဖြေပေါ် အာရုံပြန်စိုက်လာကြ၏။ Aqua လည်း ခေါင်းဖွဖွ ငြိမ့်ပြလာပြီး
"ဆေးပေးလိုက်တယ်..."
Aqua အဆင်ပြေသည်ကိုကြားသော် အမျိုးသမီးကြီးလည်း ပြန်ရန် ပြင်၏။
"မနက်စာ သွားစားကြပါ...အန်တီလည်း ဆရာ့ကိုလိုက်ပို့ရင်းနဲ့ ပြန်တော့မယ်.."
"ဟုတ်..."
ထို့နောက် သူတို့အားလုံးကို တစ်ချက်နောက်လှည့်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချချနှင့်သာ ထွက်သွားလေတော့၏။
YOU ARE READING
Only with You《Completed》
Teen Fiction#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama