Ch 10

653 60 1
                                    

"ကျေးဇူးပဲ Mei.."

Aqua သည် Mei တို့ ကားကြုံနှင့် အိမ်သို့ ပြန်ရောက်လာ၏။ ခြံတံခါးပွင့်နေ၍ အထဲသို့ ၀င်လာသော် Aqua တစ်ယောက် သူ့မိခင်၏ အော်ဟစ်‌ပြောဆိုနေသည့်အသံကို ကြားလိုက်ရ၏။ ထို့အပြင် ပစ္စည်းကျကွဲသံ ပစ်ပေါက်သံကဲ့သို့ အသံများပါ ထွက်လာ၍ Aqua တစ်ယောက် စိုးရိမ်တကြီးနှင့် ပြေး၀င်သွား၏။

ဧည့်ခန်းထဲ၌ သူမ တစ်ခါမှပင် မစဉ်းစားမိခဲ့ဖူးသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ သူမ မျက်လုံးကိုတောင် သူမ မယုံကြည်နိုင်တော့ပေ။

ထို့နောက် ကြမ်းပြင်ပေါ်၌ ကျကွဲနေသည့် ဖန်ကွဲစများကိုပင် သူမ ဂရုမစိုက် နိုင်တော့။ ဗလုံးဗထွေးဖြစ်နေသည့် ပုံရိပ်နှစ်ခုကြား သူမသည် အော်ဟစ်ငိုယိုပြီး ပြေး၀င်ကာ တား၏။

သူမ မိခင်၏ ပါးစပ်‌ဖျားမှ ထွက်ကျလာသည့် ကြမ်းကြမ်းတမ်းတမ်း စကားလုံးများနှင့် အမြဲတမ်းပင် ကြင်နာနူးညံ့နေတတ်သည့် ဖခင်ဖြစ်သူဆီကနေ လာသည့် အကြမ်းဖက်နေသည့် လုပ်ရပ်များသည် သူမ ရင်ဘတ်ကို အစိတ်စိတ်အမွှာမွှာ ကြေကွဲစေပေသည်။

Aqua တစ်ယောက် ကြိုးစားပြီး သူတို့ နှစ်‌ယောက်ကို ခွာထုတ်လိုက်၏။ Aqua သည် သူမ အမေဘက်၌ ရပ်နေပြီးနောက် ဖခင်ဖြစ်သူကို ကြောက်လန့်သွားသည့် အကြည့်ဖြင့်ကြည့်၏။

Aqua အဖေသည် သူ့သမီး အကြည့်ကို မြင်သော် ရုတ်ချည်းပင် မျက်နှာ အမူအရာမှာ အနည်းငယ် ဖြေလျှော့သွားပြီး တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လာ၏။

"သမီး..အဖေ...တောင်းပန်ပါတယ်...လာပါဦး...အဖေ့ဆီ..."

Aqua တစ်ယောက် အမေဖြစ်သူ ဒေါသစိတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်ကို ခံစားမိ၏။ Aqua အမေသည် သူမကို ဖက်ထားလိုက်ပြီး

"စောက် မျိုးမစစ်ကောင်..နင့်မှာ သမီး တစ်ယောက် ရှိတာကို..."

Aqua အဖေသည် ထိုစကားကြားသော် မျက်နှာသည် ရုတ်ချည်းပင် တင်းမာသွားပြီး

"အဲ့တာ နင်အရင်ဖောက်ပြန်လို့ ဖြစ်တာ..."

Aqua တစ်‌ယောက် ရင်ထဲ ထိတ်သွား၏။ ဖောက်ပြန်သည် ဆိုသည့် စကားကို သူမသည် စာအုပ်ထဲ၊ ဇာတ်လမ်းတွဲများထဲ ၌ မြင်ဖူး၏။ အဓိပ္ပာယ်ကိုလည်း သူမ နားလည်ထား၏။ သို့သော် သူမ နားမလည်သည်က သူမအဖေပြောလိုက်သည့် အမေဖောက်ပြန်နေသည် ဆိုသည်ကိုပင်!

Only with You《Completed》Where stories live. Discover now