Ann တစ်ယောက် မနက်နိုးလာတော့ ညက သူမဘေးနား၌ အိပ်နေသည့် Aqua ကို မတွေ့ရ။ ထို့ကြောင့် Mei ကို နှိုး၏။
"Mei..Mei.."
Mei သည် အိပ်ချင်မူးတူးဖြင့် ပြန်ဖြေလာ၏။
"ဘာလဲ..."
"Aqua ရော..?"
"ဟမ်..သူ ထသွားပြီ နေမှာပေါ့.."
Ann တစ်ယောက် အနည်းငယ် ခေါင်းစားသွား၏။ အချိန်မှာ မနက်5နာရီခွဲပင် ရှိနေသေးသည်ဖြစ်ပြီး အခန်းထဲရှိ မည်သူမှ အိပ်ရာမထကြသေးပင်။
"ငါ မျက်နှာသွားသစ်တော့မယ်..."
Mei တစ်ယောက် Ann ကို ခေါင်းသာ ငြိမ့်ပြပြီး ဆက်အိပ်နေလေတော့၏။
Ann သည် ရေချိုးသည့် နေရာ၌ Aqua ရှိနေလောက်မည် ထင်ခဲ့သော်လည်း ဆရာမ တစ်ယောက် နှစ်ယောက်က လွဲ၍ မတွေ့။ သို့သော် ယောကျာ်းလေးအိပ်ခန်းမှ ကျောင်းသားများမှာတော့ အစောကြီး နိုးနေကြပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
ထို့အပြင် မလှမ်းမကမ်းမှ သူတို့၏ ဇောတကတက်သံအချို့ကိုလည်း ကြားရ၏။
"မိန်းကလေးတွေတောင် မထသေးဘူး...ဆရာတွေက ကြပ်လိုက်တာ...ဆရာမတွေပဲကောင်းတယ်..."
"ညက ဆရာဆို သုံးနာရီမှ အိပ်သွားတာကွာ.. အဲ့တာကို ဒီအချိန်ကြီးလဲ ပြန်ထနိုင်တယ် ဟျောင့်ရေ.."
Ann တစ်ယောက် မျက်နှာသစ်ပြီး လမ်းလျှောက်သလိုဖြင့် Aqua ကို လိုက်ရှာ၏။
"ဆရာမကို တိုင်သင့်လား...?"
တွေးရင်း တွေးရင်း Ann သည် စိတ်ပူလာ၏။
ထိုစဉ် သူမဘက် လျှောက်လာသည့် ကျောင်းသားတစ်စုကို တွေ့၏။ ထိုထဲက ဖြူဖြူချောချော သန့်သန့်ပြန့်ပြန့်နှင့် ကျောင်းသားတစ်ယောက်သည် Noa ပေ။
Noa သည် Ann ကို မြင်သော် မသိမသာ လန့်သွား၏။
Ann သည် သူတို့နား ချဉ်းကပ်လာပြီး
"ဟိုဟာလေ..Aqua ကိုတွေ့မိလိုက်သေးလား..?"
Noa တစ်ယောက် Ann သူ့ကို တိုက်ရိုက်ကြီး မေးလာမည်မှန်း မထင်ထားခဲ့မိ။ သူ စိတ်ထဲ မလုံမလဲ ဖြစ်နေသည်ကို ပြန်ထိန်းလိုက်ပြီး
![](https://img.wattpad.com/cover/356744121-288-k340905.jpg)
YOU ARE READING
Only with You《Completed》
Novela Juvenil#Writer's review# Name : Only with you Type : Normal / Own Creation Genres : Highschool Romance, Drama