Ch 21

558 58 2
                                    

"ငါကတော့ အရှေ့ကနှစ်ယောက်လို မထိတထိလုပ်မနေဘူး...အဲ့နှစ်ယောက်ကလည်း တကယ့်ငစားတွေ...ခုနက နမ်းလိုက်မိတာကတော့ အစီအစဉ်ထဲ မပါပေမယ့်.. ဆောရီး...မေးချင်တာက..ငါနင့်ကို ပေါ်တင်လိုက်မယ်...ရလား..?"

"မရဘူး.."

Aqua တစ်ယောက် တုန့်ဆိုင်းမနေဘဲ ဖြေလာ၏။

"စဉ်းစားကြည့်ပေးပါဦး.."

"နိုး..."

"ဟာ..?အာ့ဆို အကြောင်းအရင်းပြော..."

"နင့်ကို သဘောမကျဘူး.."

"အဲ့တာ‌ကြောင့် နင်သဘောကျလာအောင် ကြိုးစားခွင့်ပေးလို့..."

"မရဘူး..."

Aqua တစ်ယောက် Kenji နှင့် အကြည့်ချင်းဆက်မပြိုင်နိုင်တော့ပေ။

Kenji သူမမျက်လုံးများကို မရမက လိုက်ကြည့်၏။ ထို့နောက် ကျီစယ်သည့်လေသံဖြင့်

"ငါ့ကို ကြွေသွားမှာကို ကြောက်နေတာပဲ...."

Aqua ငြင်း၏။

"ဆုတောင်းလေ...သွားတော့မယ်ဟာ....လက်ကို လွှတ်..."

"စဉ်းစားပေးမယ်လို့တော့ ပြော.."

Aqua  တစ်ယောက် ခေါင်းကိုသာ တဆက်ဆက်ငြိမ့်ပြလိုက်၏။

Kenji လည်း မျက်နှာပေါ်၌ ပြုံးရွှင်သွားသည့် အရိပ်အရောင်များ သမ်းသွား၏။ ထို့နောက် ဘက်ခနဲပင် Aqua ပါးပြင်ကို နမ်းရှိုက်လိုက်လေ၏။

"Happy birthday Aqua.."

Aqua တစ်ယောက် ရင်ဘတ်ထဲ၌ လှုပ်ခနဲ ဖြစ်သွားရပြန်၏။

ထို့‌နောက် နီရဲနေသည့် မျက်နှာထားဖြင့် ပြောလာ၏။

"အဲ့လိုတွေ မလုပ်နဲ့....အဲ့တာ အသားယူနေတာ...မကောင်းဘူး...ငါလည်း မကြိုက်ဘူး..."

"တောင်းပန်ပါတယ်..ငါလည်း မထိန်းနိုင်ဖြစ်သွားလို့ပါ...နောက်ဆင်ခြင်ပါ့မယ်..."

Aqua တစ်ယောက် သူ့ကို လက်ခါပြလာပြီး အမြန်ပင် ပြန်ခိုင်းနေလေ၏။ ထို့နောက် လမ်းပင် ဖြောင့်ဖြောင့် မလျှောက်နိုင် ဖြစ်လျက်ပင် အိမ်ထဲသို့သာ ပြန်၀င်ချသွားလေတော့၏။

...

Noa တစ်ယောက် ညနေက Aqua အမေ ပို့ထားသည့် Aqua ဓာတ်ပုံများကို ကြည့်၏။ ထို့နောက် သူပေးထားသည့် beanie hat လေး ၀တ်ထားသည့် ပုံကို တွေ့သော် သူ့နှုတ်ခမ်းထောင့်များသည် သိသိသာသာကွေးတက်လာလေ၏။ ထိုစဉ် သူတို့ ယောကျာ်းလေး group chat ထဲ၌ Kenji ပို့လာသည့် စာကို မြင်သော မျက်နှာတည်သွားကျသွားလေတော့၏။

Only with You《Completed》Where stories live. Discover now