Ch 19

546 57 0
                                    

*အောင်မြင်သွားတဲ့သူတွေက သူတို့ အနိမ့်ကျဆုံး အခြေအနေမှာ သူတို့ဘေးနား ရှိနေခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြတယ်

*အောင်မြင်တော့မည့် Aqua ဘေး၌ ရှိနေခဲ့သူ Kenji ✌️

#proof

...

Aqua တစ်ယောက် Kenji တင်ထားသည့် ပုံနှင့် စာကို ကြည့်၍ စကားတစ်လုံးပင် ပြောနိုင်တော့သည်။

"ဖျက်.."

"အင်းပါ..."

Kenji သည် like အများကြီး ရဖူးသည့် အမှတ်တရအနေနှင့် screenshot ခိုးရိုက်ထားလိုက်၏။ ထို့နောက် ဖျက်လိုက်ပြီ ဖြစ်ကြောင်း သူပြ၏။ သို့သော် သူ ပိုစ့်ကို only me လုပ်ထားလိုက်ခြင်းသာဖြစ်သည်။

"ပြီးပြီနော်.."

Aqua လည်း ကုတင်ပေါ်ပြန်လှဲလိုက်တော့၏။ Vivian တစ်ယောက် အပြင်၌ ဖုန်းသွား‌ပြောနေပြီးနောက် ပြန်လာ၏။

"ဖျက်ပြီးပြီလား..?"

"Wall ထဲ သွားကြည့်လိုက်.."

Vivian လည်း အမြန်စစ်ကြည့်လိုက်ပြီးနောက် ပိုစ့်မရှိတော့မှန်း သိ၍ စိတ်အေးသွား၏။

"နောက် သူများ ခွင့်ပြုချက် မပါဘဲ လုပ်ရင် နင် တရားစွဲ ခံရလိုက်မယ်..ကြည့်ကြပ်နေ..."

Kenji လက်ပိုက် လိုက်ပြီး သူ့အမ စကားကို ပြန်ချေပ၏။

"သူငယ်ချင်းအချင်းချင်း ဓာတ်ပုံတင်တာပဲကို.."

Aqua တစ်ယောက် Kenji ကို မျက်မှောင် ကြုတ်ပြီး ကြည့်လာ၏။

"သူငယ်ချင်းအချင်းချင်းလည်း လေးစားသမှုရှိရမယ်...Aqua သူ့လို လေးစားသမှု မရှိတဲ့သူကို သူငယ်ချင်း အဖြစ်က စွန့်လွှတ်လိုက်ရင်လည်း ရတယ်...အမက သူနဲ့ လာပြီး မောင်နှမတော်နေလို့သာ ...ခွာမရ ပြုမရ ဖြစ်နေတာ.."

Aquaတစ်ယောက် သူမ မည်သည်အချိန်ကတည်းက Kenji နှင့် သူငယ်ချင်း ဖြစ်သွားမှန်းပင် မသိလိုက်ပေ။

ထိုစဉ် ဆရာ၀န် round လှည့်လာသဖြင့် Vivian တို့လည်း Aqua ကို နှုတ်ဆက်ပြီး ပြန်သွားကြ၏။

ဆရာ၀န်သည် Aqua ကို  ဆေးရုံမဆင်းခင် စိတ်ကျန်းမာရေး ဆရာ၀န် တစ်‌ယောက်နှင့် စကားပြောသွားရန် ချိန်းပေးထား၏။ သူမ ၏ သွေးရူးသွေးတန်းနှင့် ကမူးရှူးထူး အပြုအမူကြောင့် ထိုကဲ့သို့ တွေ့ကြည့်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။

Only with You《Completed》Where stories live. Discover now