Part 1

1.9K 83 5
                                    

လူတွေ ရဲ့တစ်နေ့တာ ဘ၀ဟာ သိပ်ပျင်းရိစရာ
ကောင်းတယ်၊ တင်္နလာနေ့တွေမှာ အိပ်ရာကနေ
စောစောထရပြီး ၉နာရီအမှီ အလုပ်ဆီ ရောက်ဖ်ို့အတွက် စတင်ပြေးလွှားရတယ်၊ လူ့ဘ၀ရဲ့သက်တမ်း
တစ်၀က်ကျော်ကျော် လောက် ဟာ ရုန်းကုန်လှုပ်
ရှားရင်းနဲ့ ကုန်ဆုံးကြရတယ်။ ဖြတ်သန်းလာတဲ့
အချိန်ပေါင်းများစွာ ထဲမှာ ကျွန်တော်တို့တစ်တွေ
ဘယ်လို ပျော်ရွှင်မူမျိုး  ရရှိခဲ့ကြပါသနည်း။

တစ်ချို့တွေကဟန်ဆောင်ပြုံးနေကြတယ်၊
တစ်ချို့တွေ က ဘ၀ ခက်ခဲပင်ပန်းလို့ငိုကြွေးနေကြ
တယ်။ တစ်ကယ့် ပျော်ရွှင်မူဆိုတာဘယ်မှာလည်း။

ကျွန်တော်လာလီဆာ ဟာလည်း ရုန်းကန်လှုပ်ရှား
လျက် အဲ့ဒီပျော်ရွှင်မူကို စောင့်စားနေသူဖြစ်တယ်။

"ကော်ဖီရပါပြီ ဂျာကြီး"

ပိန်ပိန်သွယ်သွယ် ခြေထောက်ဖူးဖူးမှာ တစ်လက်မ
အမြင့်ရှိသည့်ဒေါက်ဖ်ိနပ်ကိူတစ်ခွပ်ခွပ်မြည်
အောင် စီး ၀င်လာသည့်အတွင်းရေးမှူး မိန်းမလှ
လေး အား ကြည့်ပြီးလီဆာ စာရင်းတွက်နေရာမှ
တစ်ချက်ပြုံးပြလိုက်သည်။
ထိုမိန်းမလှလေး ချပေးလာသည့်ကော်ဖီခွက်ကို
တစ်ငုံငုံရင်း. .

"သကြား ထည့်လာတာတော့ကွက်တိပဲ၊ တစ်ကယ်ပဲ
အိုင်ရင်းရဲ့ကော်ဖီက အကောင်းဆုံး"

"ဟက်ဟက်ဂျာကြီး ကလည်းမြှောက်နေပြန်ပြီ. ."

ရယ်လိုက်တာတောင်အလှတရား တ်ို့ပြည့်လျှံ
နေသည့် အိုင်ရင်း ကို ခဏမျှလီဆာငေးကြည့်
နေမိသည်။ အိုင်ရင်း ဤအလုပ်ကိုစတင် ၀င်ရောက်
လာစဥ်ကတည်းက သူငယ်ချင်းတစ်ယောက်လ်ု
ညီမလေးတစ်ယောက် လ်ိုလီဆာချစ်ခင်ခဲ့သည်။

ပုရိသ ယောက်ကျားတိုင်း ၏နှလုံးသားက်ို ဖမ်း
စား နိုင်စွမ်းရှိသည့်အိုင်ရင်း၏အလှကို သူရင်
ဖိုခဲ့ဖူးသည်။ သို့ပေမယ့် ဒါကို အချစ် ဟူ၍ ခေါင်း
စဥ်တပ်ဖို့ ​ေ၀း သေးသည်ဟုထင်သည်။

"ဒီနေ့ ဘာအချိန်ဇယားတွေရှိသေးလည်းအိုင်
ရင်း. ."

"အထွေထူးတော့မရှိပါဘူး ဂျာကြီး၊ ညနေသုံးနာ
ရီမှာတော့ဘန်ကောက်က ကိုယ်စားလှယ်တွေနဲ့
တွေ့ဆုံဖို့ရှိပါတယ်"

မရှိမဖြစ် မင်း Where stories live. Discover now