Part 16

1.2K 98 6
                                    

ဖိနပ်တောင် စီးမနေနိုင်တော့ပဲ ဦးလေးဆန်း၀ူအိမ်မှ
ပြေးထွက်လာခဲ့သည်။ ​လမ်းတစ်လျောက်မြေ ပြင်မှ ဆူးခက်တစ်ချို့​သည် ဘန့်၏ ခြေဖ၀ါး ဖြူဖြူလေး များ အထဲသို့နစ်၀င် နေကြသဖြင့် သွေးချင်းချင်းရဲ
နေသည်ကိုလည်း ဂရု စိုက် မအားနိုင်ခဲ့ ။
ဘန်သိတာ က ပြေးမည်။ ပြေးနိုင်တဲ့ခွန်အား ရှိသ
လောက် အဆုံးစွန်အထိ ဂျိန်းရှိရာဆီသို့ ပြေးမည်။

. . . . . .စိူက်ခင်းသို့. . .

စိုက်ခင်းထဲတွင် လူအများ၀ိုင်းအုံနေကြသည်။
လူအုပ်ကြားထဲမှာ ခွေခွေကလေး ထိုင်နေသူဟာ
ဘန့်၏ အမျိုးသမီးလေး။

လူအုပ်ထဲသို့ ဘန်အတင်းတိုး​ေ၀ှ့ ကာ ဂျိန်းအနားသို့ သွား၍ ဒူးထောက်ထိုင်ချလိုက်သည်။

သူမ၏ ကိုယ်လေးကို အသာအယာယူ ပွေ့လိုက်ပြီး. .

"ဂျိန်း ဂျိန်း  . .အဆင်ပြေရဲ့လား . .ဂျိန်း
သတိထားပါဦး"
အနည်းငယ်လှုပ်ကာ ပြောတော့. .

သူမ ဘန့်အားမော့ကြည့်လာသည်။တော်သေး
သည်။ သူမ သတိရှိနေသေးသည်။

" ဘယ်နားကို ကိုက်သွားတာလည်း"

" ခြေသလုံးကိုပဲ ..ကျွန်မ တို့ အခုလေးတင်
အဆ်ပ်စုပ် ထုတ်ပေးထားတယ်. .

မြွေက မြွေပွေး ဆိုတော့အဆိပ်ပြင်းတယ်
အမြန်ဆေးရုံပို့မှရမယ်"

ဘေးနားရှိ အဒေါ်ကြီးတစ်ယောက်မှ​၀င်ပြော
သည်။ ဘန် သူမ၏ခြေသလုံးအား ကြည့်လိုက်တော့
အပေါက်ကလေးနှစ်ပေါက်ကိုတွေ့သည်။ သူမ ကို
ပြန်ကြည့်တော့ နှုတ်ခမ်းတ်ို့ ဖြူလျော့နေလေပြီ။

"​ဒီလိုထိုင်နေလို့ဘယ်ဖြစ်မလည်းဆေးရုံပို့မှရမှာ
ပေါ့"

"ကျွန်မ တို့ 119ကိုတော့ခေါ်ထားပြီးပြီ အခု
လာနေပြီတဲ့ . .မမလေး သတိထားနော်
မမလေး"

"စောင့်နေဖို့ အချိန်မရှိဘူး"

ဘန် သူမ ကိုယ်လေးအားစွေ့ခနဲ ပွေ့ချီလိုက်သည်။

"ဒီနားမှာ အနီးစပ်ဆုံးဆေးရုံ ဘယ် အထိသွားရမ
လည်း"

"ကား ခေါ်ထားတာစောင့်ဦးမှရမယ်မောင်ရင်
​ဒီတိုင်းသွားလိူ့တော့ မဖြစ်ဘူး ကားနဲ့ တောင်မိနစ်
သုံးဆယ်လောက် မောင်းရမယ်"

မရှိမဖြစ် မင်း Where stories live. Discover now