Part 26

1.7K 107 6
                                    

အအေးခန်းတံခါးသော့ကို ဖျက်ဆီး ရိုကိချ်ုး ပြီး
ဖွင့်လိုက်တဲ့အခါမှာတော့ ဂျိန်း တို့တွေ့လိုက်ရတာဟာ
လူနှစ်ဦး အချင်းချင်းထွေးပွေ့လျက် အနေအထား
တစ်ခု။ တစ်ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်
ဘန်၏ နှုတ်ခမ်း မှာ လည်းပြာနှမ်းနေပြီဖြစ်သည်။

"မာနိုဘန် မာနိုဘန် ရှင် အဆင်ပြေရဲ့လား"

"မင်း ရောက်လာပြီလား ဂျိန်း. .
ဘ၀ရဲ့နောက်ဆုံးအချိန် လို့ ထင်ရတဲ့ အခါတိုင်း မှာ
ကိုယ် မင်း ကိုပဲမျှော်နေမိတာ"

ထိုစကားကိုပြောပြီးနောက် ဘန့်၏ မျက်လွှာများ
သည်ပိတ်ကျသွားတော့လေသည်။

"မာနိုဘန် !!!!"

သတိလစ်မေ့ မြောနေသည့် ဘန်နှင့် ဆောယွန်းကို
နီးစပ်ရာဆေးရုံသို့ တင်လိုက်ရသည်။ 

" လူနာကိုအားဆေးချ်တ်ထားပေးတယ် မကြာခင်
ပြန်သတိရလာမှာပါ"

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ"

ဆရာ၀န်ထွက်သွားသည်နှင့် ဆေးရုံအခန်းထဲတွင်
ဆူးနှငိ့ဂျိန်းကျန်ခဲ့သည်။

"နင်ဘယ်အချိန်ကတည်းက ဘန့်ကိုဒီလောက်
ထိစိုးရိမ်တတ်သွားတာလည်း"

" နင် ဘာတွေလာ ဖောက်နေပြန်လည်း ဆူးရယ်"

"ငါဘာကို ဆိုလိုချင်မှန်း နင် သိပါတယ် ဂျိန်း
နင်ကလေ အမြဲ အရာရာတိုင်းမှာ ခေါင်းမာလွန်းတယ်
နင့် နှလုံး သားကို လည်း တစ်ချက်လောက် ပြန်စမ်းစစ် ကြည့်ဦး"

ခေါင်းအတွင်တွင် ခါလျက်ဂျီဆူး သည် ဆေးရုံခန်း
ထဲမှထွက်သွားလေတော့သည်။ ထိုစဥ်

" ဂျိန်း"

"မာနိုဘန် ရှင် နိုးလာပြီ။  သက်သာရဲ့လား ဘယ်
လိုနေသေးလည်း"

"ကိုယ် သက်သာပါပြီ ဂျိန်း က ကိုယ့်ကိုစိတ်ပူ
တာလားဟင်"

" ရှင်အပိုတွေ လျောက်မတွေးနဲ့"

ကုတင်ပေါ်တွင်လှဲနေရာမှ ဘန်သည် ငုတ်တုတ်
ထ ထ်ိုင်ဖ်ို့ ကြိုးစားနေသည်ကို ဂျိန်း မြင်သဖြင့်
ကုတင် နားသို့ပြေးလာကာ ဆွဲထူသည်။

မရှိမဖြစ် မင်း Where stories live. Discover now