" မြွေဆ်ိပ်ကတစ်ကယ် ခေါင်းထဲအထိ ၀င်ရောက်
သွားတာလား. .
ဂျိန်း က ငါ့ကို ပြုံးပြနေတယ်"
ဂျိန်း သတိရလာပြီ ဆို၍ ဆေးရုံအောက်ထပ်မှ
အပေါ်သို့ပြေးတက်လာခဲ့သည်။
ဆေးရုံ ကိုလာခဲ့တုန်းက ဖိနပ်မပါသဖြင့် သူနာပြု
ဆရာမလေးတစ်ယောက်ရဲ့ကျေးဇူးနဲ့ စလစ်ပါ
ဖိနပ်တစ်ရံ ရခဲ့ရာ ခြေထောက်အနာဟာ
ခုနကထက်ပိုသက်သာနေခဲ့သဖြင့် သွက်လက်သည့်
ခြေလှမ်းတို့ ဖြင့် ဂျိန်းရှိရာအခန်းဆီသို့လာခဲ့
သည်။
အခန်းထဲရောက်တော့ လူနာကုတင်ပေါ်မှာ ဒူးလေး
တုပ်ထိုင်လျက် ဂျိန်းသည် ဂျီဆူးတို့နှင့်
ပြုံးရွှင်စွာဖြင့်စကားပြောနေသည်ကိုတွေ့လိုက်ရသည်။
"ဂျိန်း"
သူမ ၏ နာမည်ကို ဘန် ခေါ်လိုက်သည့်အခါ
သူမ က ဘန် ရှိရာဆီသို့ခေါင်းလေး စောင်းငဲ့
ကြည့်လာလျက် တစ်ခါမှသူမ ထံက မရရှိခဲ့ဖူးသည့်
ချို မြ အေးချမ်းသည့်အပြုံးတစ်ပွင့်ကို လက်ခံ
ရရှိ လိုက်လေသည်။
"ဘန် . . ."
ဘန်တဲ့ ။သူမ ဘန့်ကိုခေါ်လိုက်သည်မှာ မာနိုဘန်
မဟုတ်ပဲ ဘန် တဲ့လေ။
"ဒါအိပ်မက်များလား"
ဘန် ဘာစကားမှမပြောပဲ အဲ့ဒီနေရာမှာတင် တောင့်
တောင့် ကြီးရပ်နေခဲ့သည်မှာ ဘယ်လောက်အထိ
ကြာသွား သလည်းဆိုတာ မသိ။ သတိရလာတဲ့
အချိန်မှာ အခန်းထဲတွင် ဆူးနှင့်ချယ်တို့မရှိကြ
တော့ပေ။
"ဘန် . .ဒီမှာ မာနိုဘန် .
ကျွန်မ ခေါ်နေတာကြားရဲ့လား "
"ဆောရီး ဂျိန်း ကိုယ်အတွေးလွန်သွားလ်ူ့"
"ဘာတွေအတွေးလွန်နေတာလည်း "
"ဒ်ီလိုပါပဲ ဂျိန်း . . .နေလို့ကောင်းရဲ့လားဟင်
ဘယ်နား အဆင်မပြေတာရှိလည်း ကိုယ် ဆရာ၀န်
ခေါ်ပေးရမလား"
" နေပါစေ ခုနကပဲဆရာ ၀န် လာသွားပြီးပြီ
ကျွန်မ နေရတာအဆင်ပြေ ပါတယ် သက်သာနေပါ
ပြီ"
"တော်သေးတာပေါ့ ဂျိန်းရယ်"
"ရှင့်ကျေးဇူးတွေပါပဲ. .ကျွန်မရဲ့အသက်ကို ကယ်
ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ် ဘန်"
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
