"ဗြန်း. . . အာရီးဂူး ဘယ်လိုလုပ်ရပါ့. . .
အန်တီ့အမှားပါကွယ် မမြင်လိုက်လို့ပါ အန်တီပြန်
သုတ်ပေးမယ်နော်"နေ့လည်စာကို ဘန်နှင့်အတူတူ အပြင်မှာစားကြဖို့
ချိန်းဆိုထားခဲ့ရာ လမ်းခုလတ်တွင်ဖြစ်သည်။
ဂျိန်း ၏ မိုးပြာရောင်ဂါဝန် လေး အား အချိူရည်
ဝါဝါတို့ ဖြင့် လောင်း ချခြင်းကို မတော်တဆ
ခံလိုက်ရသည်။ အအေးခွက်ကိုင်ထားသူမှာ အသက်
၅၀ ကျော် ခန့်ရှိမည်ဟု ခန့်မှန်းရသည့် မိန်းမကြီးတစ်ဦး။
ထိုမိန်းမကြီးမှ ဂျိန်း၏ ဂါ၀န် ကို သူမ၏ လက်ကိုင်ပု
ဝါ ဖြင့်သုတ်ဖို့ ကြိုးပမ်းသည်။"ရပါတယ် ရပါတယ် အန်တီ . .သမီးဘာမှမဖြစ်ပါဘူး. .နောက်ကျနေလို့ သွားခွင့်ပြုပါဦးနော်"
ဘန်နှင့်ချိန်းထားသည့်အချိန် နောက်ကျနေပြီဖြစ်၍
ဂါ၀န်ပေါ်မှ အစွန်းကွက် ကိုပင် သတိမထားနိုင်တော့
ပဲ ကားမှတ်တိုင်တစ်ခုဆီသို့ ရှေ့ဆက်လျောက်လာခဲ့သည်။ ထိူစဥ် မှတ်တိုင်အနီးတွင် ဆောယွန်းကို အမှတ်မထင် တွေ့လိူက်ရသည်။ ခြေလှမ်း တို့ တစ်
ဖြေးဖြေး ဆက်တိုး လိုက်သည်နှင့် အမျှနီးကပ်လာ
တဲ့မြင်ကွင်းဟာ ဂျိန်း၏ အမြင်အာရုံတွေကို ပြာ
သွားစေခဲ့သည်။ ကားမှတ်တိုင်တွင်ဆောယွန်းတစ်
ဦးတည်း ရှိနေခြင်းမဟုတ်။ ဆောယွန်း၏ ဘေးတွင် လူလတ်ပိုင်း အမျိူးသားတစ်ဦး မတ်တပ်ရပ်လျက်
စကားပြောနေသည်။ ထိုအမျိုးသားဟာ ဂျိန်းကိုမြင်
သွားဟန် တူသည်။ ပြီးနောက်ထို အမျိုးသား၏နှုတ်
မှလည်း . ."ဂျန်း. . .ဂျန်း . .နီ. .သမီး"
ခြေလှမ်းတွေ က ဂျိန်းတောင် မသိလိုက်ပဲအလိုလို
နောက်ဆုတ်နေခဲ့မိသည်။ ထိုနေရာမှ ဂျိန်း အလျှင်
အမြန်ပြေးထွက်သွားခဲ့သည်။ ဂျန်းနီ ဟု အော်ေခါ်
နေသည့်မှတ်တိုင်မှ အမျိုးသားသည် ဂျိန်း၏
အနောက်သို့ လိုက်လာခဲ့သလား မလာခဲ့သလားဆိုတာ ဂျိန်း မသိခဲ့။" အား!!!!!!!!! မုန်းတယ် ! မုန်းတယ်. .
ဘာဖြစ်လို့. .ဘာဖြစ်လို့လည်း. .
ဘာဖြစ်လို့မျက်စိရှေ့ပေါ်လာရတာလည်းလို့"
အခန်းတံခါး ကို လော့ချကာ မွန်းကြပ်ရူပ်ထွေးနေ
သည့် စိတ်တို့ကို အော်ဟစ် ဖြေလျော့ပလိူက်သည်။

YOU ARE READING
မရှိမဖြစ် မင်း
FanficTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။