" ဂျိန်း ကိုယ့်ကို ကြည့်ပါဦး"
ဂျိန်း ၏ ပုခုံးစွနိးလေးအား လက်နှစ်ဖက်ဖြင့်အသာ
အယာကိုင် ၍ မျကိနှာချင်းဆိူင်စေရန်လှည့်လိုက်
သည်။မျက်ရည်တွေကြားထဲမှဂျိန်းသည် ဘန့်ကို
ကြည့်လာသည်။"ကိုယ် ဂျိန်းကို ဘာများအမှားလုပ်မိထားသလည်း
ဟင်"ဂျိန်းမျက်ရည် ကျလျှင် ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်တတ်သည့် ဒီလူသည် ယောက်ယက်ခတ်
လို့နေ၏။"ဘာဖြစ်လို့လည်း ဂျိန်းရယ်"
မို့အစ်နေသော ဂျိန်း ၏ မျက်ခွံတို့သည် အရင်ရက်
တွေတုန်းကလည်း ငိုထားကြောင်း သက်သေခံ
လို့နေသည်။" မုန်းတယ် မာနိုဘန်"
"ခင်ဗျာ"
"မုန်းတယိ ရှင့်ကို"
ဘာရယ်အကြောင်းပြချက် ဂဂ နနမရှိပဲ မိမိအား
မုန်းတယ်တစ်ဖွဖွ ပြောနေသည့် ဂျိန်းကို ဘန် နားမလည်နိုင်အောင်ဖြစိနေသည်။"ပြောပါဦး ဂျိန်းရယ် ဘာကြောင့်ကိုယ့်ကိုမုန်းတယ်
ဆိုရတာလည်း"" ရှင် ရှင် သေ သွားပြီလို့ထင်ခဲ့တာ အဟင့် အဟင့်
အဟင့် . .မုန်းတယ် ကျွန်မ. . ကျွန်မ ရှင် မရှိရင် မဖြစ်တာ
ကိုမုန်းတယ်. .""ဘယ်လို ဘယ်လိုပြောလိုက်တယ် ဂျိန်း"
ဘန့် ၏ လက်နှစ်ဖက်ကြားမှ သူမ ရုန်းထွက် ကာ
၀ရံဝာာမှ ပြေးထွက်သွားလေတော့သည်။စိတ်အရှိတိုင်းသာ ဆို ဂျိန်း ၏ အ်ပ်ခန်းထဲအထိပြေး
လိုက် ပြီး ခုနက ပြောသွားသည့် စကား၏ အဓိပ္ပါယ်
ကိုဘန် မေးလိုက်ချင်သော်ငြားလည်း ဖေ ဖေ မေမေ
တိူ့ အိပ်ရာ၀င်ချိန်ရောက် နေသဖြင့် ငြိမ်နေလိုက်ရတော့သည်။***********************************
မာနိုဘန်တို့၏ တိုက်အိမ် အထဲတွင် လူစုံတက်စုံ
ဖြင့်စည် ကားလျက်ရှိသည်။ အကြောင်းမှာ မာနိုဘန်
ခေါ်လာသည့် ဆောယွန်းဆိုသည့် မိန်းကလေး
အပြင် ဂျိန်း ဆူးနှင့်ယောင်းတို့ ပါ ဆိုလ်းမှ မပြန်ကြသေး ၍ဖြစ်သည်။" မနက်စာ စားကြမယ် သမီးတ်ူ့ရေ"
ဟင်းအစုံအလင် မုန့်ပဲသရေ စာအစုံအလင်ဖြင့်
မနက်စာစားပွဲသည် ခါတိုင်းထက်ပိုမိုခမ်းနား
ကြီးကျယ်လျက်ရှိသည်။

YOU ARE READING
မရှိမဖြစ် မင်း
Hayran KurguTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။