Part 28

932 80 5
                                    

"ဂျိန်း စဥ်းစားပါရစေဦး ကို"

"ဘာလို့လည်းဂျိန်းရယ် ကို့ကိုမယုံကြည်လိူ့လား
ဟင်"

နေကြာပန်းခငိးအလယ်တွင် ဒူးထောက်ထိူင်ချရင်း
တစ်ကွင်းတည်းရှိသည့် စိန်လက်စွပ် ကလေးကို
ကမ်းလှမ်းပေးလိုက်တော့ သူမက လေးပင်စွာ
ဖြေကြားသည်။ မျှော်လင့်မထား သည့်အဖြေကြောင့်
ဘန်အံ့ သြသွားရတာတော့ အမှန်ပင်။

"မဟုတ်ပါဘူး ကို . .အိမ်ထောင်တစ်ခူကိုတည်ဆောက်တယ်ဆိုတာ မိန်းကလေးတစ်ယောက်
အတွက်သိပ်အရေးကြီးတဲ့ ကိစ္စပါ။ ဒါကို ကိုနား
လည်မယ်လို့ထင်တယ်. .ပြီးတော့ . .ကို သိတဲ့
အတိုင်း ဂျိန်းဟာ ဖေဖေ မေမေတ်ို့ ဆီကရခဲ့တဲ့စ်တ်
ဒဏ်ရာ တွေ ကိုအခုချိန်ထိလုံးလုံးဖျောက်လိူ့မရသေးဘူး"

ညှိုး ငယ်ကာ ခေါင်းငိူက်စိူက်ကျသွားသည့် သူမ ကို
ကြည့်ရင်း ဘန် ၀မ်းနည်းမိသည်။ သနားလည်းသနား
မိသည်။ ထိူ့ကြောင့် စိန်လက်စွပ်လေးအား ဘူးထဲသိူ့
ပြန်ထည့်လိုက်သည်။ ပြီးနောက် သူမ ကိူယ်လုံးလေး
အားရင်ခွင်ထဲသို့ သိမ်းကြူံးဖက်လိုက်တော့သည်။

"ကိုကတိပေးပါတယ် ဂျိန်း စိတ်ဒဏိရာတွေအကုန်
ပျောက်ဆုံးသွားအောင် ကုသပေးမယ်
ဂျိန်းအဆင်သင့်ဖြစ်တဲ့အထိ ကိုစောင့်မယ် . .
ဂျိန်းလုံခြုံစိတ်ချရတဲ့ရင်ခွင်ဖြစ်စေရမယ်"

"ကို့ကိုဂျိန်း ယုံပါတယ်"

ရင်ခွင်ထဲမှမော့ကြည့်လာသည့် သူမ၏ မျက်နှာလေး
ကို ဘန် ငုံ့နမ်းလိူက်သည်။ တစ်ဖြူးဖြူးတိုက်ခတ်
နေသည့် လေ ၏ အအေးဒဏ်ကြောင့်ပဲလား
သူမ၏အေးချမ်းတဲ့အချစ်ကြောင့်ပဲလား မသိ ဘန့်ရဲ့
ရင်ထဲတွင်တော့အခါတိူင်းထက်ပိုမိုအေးမြနေတော့
သည်။

*********************************
"ဘယ် လောက်ကြေးလောင်းကြေးထပ်မလည်း
ဆူး . ."

"နင် ပေါက်ကရတေမပြောနဲ့ချယ် ယောင်း ငါမ
ယူံဘူး"

"သေချာပါတယ်ဆိုမှဟာ သူတို့ချစ်သူတွေဖြစ်သွား
ကြပြီ ဂျိန်း မာန်ုဘန့်ကိုလက်ခံလိုက်ပြီ"

" ဒါဆို ငါတို့ကိုဘာလို့ဘာမှမပြောတာလည်း"

"နင်ကလည်း ဂျိန်းအကြောင်းမသိဘူးလား. .
အတင်းတွေစွတ်မူခဲ့ပြီးတော့မှ ခုလိုဖြစ်သွားတော့
သူရှက်မှာပေါ."

မရှိမဖြစ် မင်း Where stories live. Discover now