Bonus

2.8K 99 6
                                        

" ဂျိန်း အဆင်​ပြေရဲ့လား ဘယ်မှာရှိ​နေလည်းဆိုတာ
ကျွန်​တော့်ကို​ပြောပြ​ပါ​နော် ချယ်​ယောင်း
ကျွန်​တော်​တောင်းပန်ပါတယ်ဗျာ"

" ဂျိန်း ဘယ်ကိုမှမသွားပါဘူးဘန်. . . ဂျိန်း နယိမှာပဲ
ရှိ​နေပါတယ် ဒါ​ပေမယ့် မနက်ဖြန်ကျရင်​တော့
သူ USကိုသွား​တော့မယ်တဲ့"

"ခင်ဗျာ. . .ဟို ဒါ ဒါဆို ကျွန်​တော်ဘာလုပ်ရမလည်းဟင်"

"​အော် ဘန်ကလည်း​လေ တုံးလိုက်တာတကယ်ပဲ
ဘာလုက်ရမလည်းဆိုတာချယ်​ပြောပြမယ်
မနက်ဖြန်အတွက် ​လေယာဥ်လက်မှတ်၀ယ်ပြီး ဂျိန်း​နောက်ကို လိုက်ဖ်ု့ပြင်တော့​. .မနက်ဖြန် ည​နေ ​လေယာဥ် အမှီ ဂျိန်း ဆိုလ်းကိုလာလိမ့်မယ်"

"အို​ကေ အို​ကေ ဟုတ်ပြီ ချယ်​ ​ကျေးဇူးပါပဲ"

"ရပါတယ် ဘန် အဆင်​ပြေပါ​စေ . .ဒါပဲ​နော် ဂျိန်းတို့
မသိ​အောင်ခိူးဆက်ရတာ"

ဂျိန်း ​နေတဲ့နယ်မြို့​လေးကို မနက်မိုးလင်းတာနှင့်
လိုက်သွားမည် ဟု စိတ်ကူး​နေတုန်း ကံ​ကောင်း​ထောက်မစွာဖြင့် ချယ်​ယောင်းဆီက ဖုန်းလာခဲ့သည်။
USကို မနက်ဖြန်ည​နေ ​လေယာဥ်နဲ့ ဂျိန်းထွက်သွား​
​တော့မယ့်အ​ကြောင်း ချယ်​ယောင်းမှ​ပြောပြခဲ့သည်။
ဒါ​ကြောင့် ချက်ချင်းပဲ ​လေယာဥ်လက်မှတ်​တစ်
​စောင် ရရန်ကြိူးပမ်းခဲ့သည်။ ဖြစ်ချင်​တော့ ဘန့်မိတ်​
​​​ဆွေတစ်​​ယောက်က ​လေယာဥ်ကွင်း တွင် အလုက်
လုပ်သဖြင့် ​လေယာဥ်လက်မှတ်အား လွယ်လွယ်
ဖြင့် ရလိုက်နိုင်ခဲ့သည်။ ဤသို့ ဖြင့် ဘန် သည် ဂျိန်းကို​တွေ့ရ​တော့မည်ဖြစ်၍ ရင်ခုန်စိတ်လှုက်ရှားမူများစွာဖြင့် အိပ်ရာ၀င်ခဲ့​တော့သည်။

...........................................................................

​နေ့ခင်း ၁နာရီ ​လောက်ကတည်းက ​Airportကို
ဘန်​​ရောက်​​နေခဲ့သည်။ လွမ်းဆွတ်သတိရ​နေခဲ့
သည့် ချစ်ရသူ၏မျက်နှာက​လေးကို ဘန် ​ပြန်​​တွေ့
ရ​တော့မည် ဖြစ်၍ အတိုင်းမသိ ​ပျော်ရွှင်​လိူ့​နေသည်။
သူမ ဘန့် ကို​တွေ့လျှင် ပါးပဲ ရိုက်မှာလား၊ ဒါမှမဟုတ် ဝမ်းသာသွား​​လေမလား ကိူယ့်အ​တွေးနဲ့ ကိူယ်
ကြည်နူးလိုက် ၀မ်းနည်းလိုက်ဖြင့် အလုပ်ရူက်​​နေခဲ့
သည်။ ဒီလိုနဲ့ အချိန်သည် ည​နေ ​လေးနာရီသို့​​ရောက်
ရှိလို့လာခဲ့သည်။ မီးစက်နိူး သလို တဒုန်းဒုန်း မြည်
​နေသည့် ရင်ဘက် ထဲက အသံ​သည် တစ်​​လောကလူံး
မှ ကြားနိုင်သည့်အလား။ တုန်ရီ​နေသည့် ရင်ဘက်ကို
လက်ဖဝါးဖြင့် ဘန်ဖိပြီး ​Airportအ၀င်၀သို့ ​​စောင့်ကြည့်လျကိရှိသည်။ ထိူစဥ် မာနိုဘန့်၏ချစ်ရသူ​လေးသည် luggageအ​နက်​ရောင်က​လေးကိုဆွဲလျက် အထဲသိူ့၀င်လာ​နေသည်ကိုမြင်လိုက်ရသည်၊ အ​ဝေးမှလှမ်းကြည့်​နေသည့် မာနိုဘန့်ကို​ ဂျိန်းသည် မြင်ပုံမရပဲ ကျော်​လျောက်သွားခဲ့သည်။  ဘန်မှဂျိန်း အနားသိူ့ အလျင်အမြန်​လျောက်သွားလိုက်ပြီး သူမ နာမည်ကို​အော်​ခေါ်လိုက်သည်။

မရှိမဖြစ် မင်း Where stories live. Discover now