ဂျီဆူးပြန်သွားပြီးတဲ့နောက် ဘန် တစ်လျောက်လုံး
စဥ်းစားနေမိတာ က ဂျိန်းရဲ့အကြောင်းပင်။
ဂျိန်းဟာ အင်မတန်ကို သနားစရာကောင်းတဲ့
အမျိူးသမီးလေးတစ်ဦးပင်ဖြစ်လေသည်။အပြင်ပိုင်းကမာကျော ချင်ယောင် ဟန်ဆောင်နေတဲ့
စိတ်ထားနုငယ်လှတဲ့အမျိူးသမီးလေး ရဲ့ဘ၀ကို
ဘန် စာနာမိသည်။ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ဒဏ်ရာဗလပွကို ဘယ်လို
များ ထွေးပိုက်ပြီး ခက်ခဲခဲ့လိမ့်မလည်း။ဘန်စဥ်းစားရင်း အသက်ရူတွေပါကြပ်လာသည်။
ဂျိန်းရဲ့ဘ၀အကြောင်း ကို သိရှိပြီးသည့်နောက်
ဘန့်အတွက်သေချာသွားတာက သူမကို ပိုလို့
ပင် လက်မလွှတ်ချင်တော့တာပါပဲ။အချစ်ကို ရွံရှာမုန်းတီးနေတဲ့သူမ ၊ ချစ်ရမှာကို
ကူးစက်ရောဂါထက် ပ်ိုကြောက်နေတဲ့သူမ ကို
တစ်ဖြေးဖြေးချင်း ဘန် ကုစားပေးရမည်။သစ္စာမရှိတဲ့ဖခင် နှင့်တွေ့ဆုံခဲ့ရပြီး သူမ ဘ၀
တစ်ခုလုံး စိတ်ထဲ မှတ်သားလာခဲ့တာက
ယောကျာ်းတွေသည် သစ္စာမရှိ၊ အချစ်ဆိုတာ
သည် တန်ဖိူးမရှိ လူတွေသည် နောက်ကျောကိုဓား
ဖြင့် ထိုးဖို့သာ ချောင်းနေကြသည် ဟူ၍ပင်။ဒါကြောင့် သူမ ကိုချစ်မယ့်သူ၊ သူမ ကလည်းချစ်
နိုင်မည့် သူ မျိုးတွေရဲ့အေ၀းမှာ နေခဲ့သည်။" ဂျိန်း အသက် ၁၆နှစ်လောက်က ဂျိန်းရဲ့ အမေ
ဟာ ကို့ကိုယ်ကို အဆိပ်သောက် ပြီး သတ်
သေခဲ့တယ်တဲ့ . .အော် ဂျိန်းရယ် . . မင်း ကို သနားလွန်းလို့ဘယ်လို
လုပ်ရပါ့မလည်း"ဒီလ ဂျိန်း ဘန့်ဆီကိုရောက်မလာရတဲ့အကြောင်း
အရင်းသည် ဘန့်ကိုရှောင်နေတာပဲ ဖြစ်ရမည်။ပြေးတဲ့ သူက ပြေးနေမှတော့ လိုက်ရတော့မှာပဲလေ။
ဘန် ဆုံးဖြတ် ချက်တစ်ခုကိုအလျင်အမြန်ချကာ
မနက်ဖြန်မနက် ဟုန်းဂျူ မြို့သို့ထွက်ခွာမည့်
ရထားလက်မှတ် အား အလျင်အမြန် ၀ယ်လိုက်
တော့သည်။*****************°°°°°°°************
ဟုန်းဂျူမြို့၏မနက်ခင်းသည် ပုံမှန်လို မြူနှင်းများ
တစ်ဖွဲဖွဲ ကျဆင်းလျက်ရှိသည်။ မြင်ကွင်းများ သည်
မြူတို့ ၏ အရှိန်ကြောင့် ေ၀ ၀ါးနေသည်။

YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။