Part 19

1K 97 4
                                    

နေပြန်လည်ကောင်းမွန်နေပြီဖြစ်သည့် ဂျိန်းသည်
ဆေးရုံ မှတစ်ပတ်​ကျော် အကြာတွင်ဆင်းခွင့်ရ
ခဲ့သည်။ ဂျိန်း ဆေးရုံမှ ဆင်း ရသည်ကို ၀မ်း
သာမိပေမယ့် တစ်ဖက်မှာလည်း ဆိုးလ်းကိုပြန်ရတော့ မည်ဖြစ်၍ ၀မ်းနည်းရပြန်သည်။

" ဘန်  . .အဆင်ပြေရဲ့လား"

လပြည့်ည မဟုတ်သော်လည်း လသည် ပြည့်လုနီးနီး
ကောင်းကင်ယံတွင်ထွန်းလင်းလို့နေသည်။

အိမ်ရှေ့ရှိ ကွပ်ပျစ်လေးတွင် ထိုင်ရင်း တစ်စုံတစ်ရာ
တွေးတောနေဟန်ရှိသည့် ဘန့်အား ဂျိီဆူးမှ
ခေါ်လိုက်သည်။

" အော် ဆူး . .ထ်ိုင်လေ"

" ဘာတွေတွေးနေတာလည်း ဘန်"

"အထွေအထူးမဟုတ်ပါဘူး မနက်ဖြန်ပြန်ရတော့
မှာကိုတွေးနေတာပါ"

" ထင်ပါတယ် ဂျိန်း ကိုခွဲသွားရမှာ ၀မ်းနည်း
လို့ မလား"

"မလိမ်တော့ပါဘူးဗျာ မှန်ပါတယ်"

" ဖွင့်ပြောလိုက်တော့လေ ဘန်"

"ဘယ်နေမလည်းဗျာ ဖွင့်ပြောတာပေါ့ဒါပေမယ့်
ချက်ချင်းပဲငြင်းခံလိုက်ရတယ်လေ ဟတ်ဟတ်"

"စိတ်ဓာတ်မကျပါနဲ့ ဂျိန်း ကြည့်ရတာလည်း အခု
တစ်လော ဘန့်ကို အရင်ထက် ဆက်ဆံမူတွေပို
လာသလိုပဲ"

"အင်း. .သိပ်တော့မမျှော်လင့်ရဲပါဘူးဗျာ"

"ဘန် က စိတ်ရှည်မှရမယ်. .ဂျိန်း အခုလိုပျော့
ပြောင်းလာအောင် တော်ရုံ ဘယ်သူမှ မလုက်
နိုင်ဘူး ဘန်နဲ့ကျမှ ဂျိန်းရဲ့အခုလိုပုံစံ မျိုးကို ဆူး
တို့ မြင်ဖူးတာ"

"ဘယ် လို ပုံစံမျိုးလည်း"

"တစ်ကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်
နေတာလား ဘန်"

"တစ် ကယ် မသိတာပါ"

"ဟင်း. ."

ဆူး က သက်ပြင်းတစ်ချက် ခပ်လေးလေးချလိုက်
ပြီး

"ဒီလိုအချိန်မှာ ချယ်ယောင်း သာဆိုရင်လေ
ဘန့် ကို ငတုံးလို့ ပြောမှာ"

ထိုသို့ပြောပြီး ဆူးသည် အိမ်ထဲသို့ ပြန်၀င်သွား
လေတော့သည်။ ကွပ်ပျစ်လေး၌ ဘန်သာ တစ်ယောက်တည်းထိုင်လျက် ကျန်နေခဲ့တော့သည်။

မရှိမဖြစ် မင်း Where stories live. Discover now