" အဲ့ဒီနေ့က မာနိုဘန် ရှပ်အကျီအဖြူရောင်ကို
၀တ်ထားတာ . . ရှပ်အကျီကို တံတောင်နား လောက်
အထိ လက်ခေါက်ပြီးတင်ထားသေးတယ် . .ပြီးတော့
မှတ်မှတ် ရရ အဲ့ဒီနေ့က သူ့လက်ကောက်၀တ်မှာနာရီ
မ၀တ်ထားဘူး. . ဒီလူက . .ဂျိန်းတို့
အရှေ့မှာ ရှိနေတဲ့ အလောင်းက . .အကျီအဖြူ
လက်ရှည်ကို ၀တ်ထားတယ်. .ဒါပေမယ့် ..
ဒါပေမယ့် ..နာရီရှိနေတယ်. . ဘုရားရေ. .
တော်ပါသေးရဲ့ .ဒီလူသေကောင် ဟာ မာနိုဘန်
. .မာနိုဘန် မဟုတ်ဘူး"ထိုအခါမှ ဂျိန်း သည်စိတ်ကိုအားကုန်လျော့ချပစ်
လိုက်တော့သည်။******************************
ဟန် မြစ်မှာ လူသေ ယောကျာ်းလေးအလောင်း
တစ်လောင်းတွေ့သည်ဟု စခန်းမှဖုန်းဖြင့်ဆက်သွယ်
လာသဖြင့် ဂျိန်း တို့ ကားကိုပြန်ကွေ့ကာ မြို့ထဲသို့
မောင်းလာခဲ့ကြသည်။ လမ်းတစ်လျောက်လုံး
ဂျိန်း ၏ စိတ်တို့သည် ကိုယ်ခန္ဓာမှ စွန့်ခွာလျက်
ရှိသည်။ ဖမ်းဆုပ်၍မရသော မျှော်လင့်ချက်တို့သည်
တောင်စဥ်ရေမရ ဖြစ်လို့နေသည်။ ဂျိန်း၏ ပါးစပ်ဖျားမှ ခဏ ခဏ တီးတိုး ရေရွတ်နေသည်မှာ"မာနိုဘန် မဟုတ်ပါစေနဲ့"
ဂျိန်း ၏ ဆုတောင်း အား ဘုရားသခင်မှဖြည့်
ဆည်းပေးတော် မူလိုက်သည်။ကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည့် ထို
ယောကျာ်းအလောင်း သည် မာနိုဘန် မဟူတ်ခဲ့ပေ။" ရှင်တိူ့ သေချာမစုံစမ်းပဲဘာလို့များ လာလီဆာ
မာနိုဘန် လို့ပြောရတာလည်း"အကုန်လုံးကို ထိတ်လန့် တုန်လှုပ်ခြောက်ခြား
အောင် သတင်း အမှားပေးသည့် ရဲတပ်ဖွဲ့၀င်
များအား အိူင်ရင်း ၊ ဂျီဆူးနှင့် ချယ်ယောင်းတို့မှ
စိတ်ဆိူးမာန်ဆိူးဖြင့် ဟောက်လျက်ရှိသည်။
မာနိုဘန်၏ မိခင်ဖြစ်သူ သည် မျက်ရည် ပိုးပိုး
ပေါက်ပေါက်ကျကာ သားဖြစ်သူကိုသာ တစ်စာစာ
တရှာသည်။ အနည်းငယ် စိတ်ငြိမ် စ ပြုလာပြီ
ဖြစ်သည့် ဂျိန်းသည် အနားသို့သွားကာ လက်
ဖ၀ါးများအား ဆုပ်ကိုင်လျက် မာနိုဘန်၏ မိခင်အား
နှစ်သိမ့်ရှာသည်။" သိပ်စိတ်မပူပါနဲ့ အန်တီရယ် သမီးတို့မာနိုဘန့်ကို
ရှာတွေ့မှာပါ"

YOU ARE READING
မရှိမဖြစ် မင်း
Fiksi PenggemarTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။