Part 7

942 73 4
                                    

"လူ ကောင်ကြီးတာနဲ့မှမလိုက် ကြောက်တတ်ရန်ကော"

ကင်းလိပ်လျှောကိုမြွေအထင်ဖြင့် သူမ အနောက်
တွင်၀င်ပုန်းနေသည့် ဘန့်အား သူမက သရော်သလိုဖြင့် ပြောသည်။

ကင်းလိပ်လျှောမှန်းသိကာကျမှ လီဆာလည်း
ရှက်ကို့ရှက်ကန်းဖြင့်ရှေ့သို့ထွက်လာလိုက်သည်။

"ကျွန်တော်မှမသိတာဂျိန်းရ၊ အရောင်ညိုည်ို အကွက်
တွေနဲ့ဆိုတော့မြွေပဲထင်တာပေါ့"

"ငါးလှမ်းလောက်လှမ်းရင် စိုက်ခင်းကိုရောက်တော့
မှာပါ ရှင်မောနေပြီ လား"

"မောတော့မမောပါဘူး ဒါပေမယ့်ကျွန်တော်ဗ်ုက်ဆာ
နေပြီဗျ"

အဲ့ဒီလိုပြောမှပဲသူမ ဘန့်အား မနက်စာမကျွေးပဲ
ခေါ်လာမိသည်ကို သတိရသွားဟန်ဖြင့်

"ဟောတော် ရှင်မနက်စာမစားရသေးဘူးလား"

"သေချာတာပေါ့ဂျိန်းရယ် မနက်က ကျွန်တော်
ပြေးတဲ့လမ်းတွေမှာလေ စားသောက်ဆိုင်နဲ့တူတာ
ဆိုလို့တစ်ဆ်ုင်မှမတွေ့ခဲ့ဘူး"

"အားနာလိုက်တာ ကျွန်မ စီစဥ်ပေးရမှာကို"

"ရပါတယ်ဗျာ"

"စိုက်ခင်းကျရင်တော့ ကျွန်မ ရှင့်အတွက်တစ်ခု ခူ
စားဖို့စီစဥ်ပေးပါ့မယ် ဆက်သွားရအောင်"

ခြေလှမ်း လေးငါး ခြောက်လှမ်း ဆက်လျှောက်အပြီး
မှာတော့ စိမ်းလန်းစိုပြေ နေတဲ့မုန်ညင်းစိုက်ခင်း
ကြီးတစ်ခုကိုတွေ့လိုက်ရသည်၊ စ်ူက်ခင်းထဲမှာ ရှိ
နေကြတဲ့ ဦးလေးကြီးတွေ အဒေါ်ကြီး တွေက
လီဆာတို့ကို မြင်သည်နှင့် လုပ်ကိုင်နေ သည့်
အလုပ်တစ်ချို့ကိုခဏရပ်ကာ ထွက်လာကြသည်။

" မမ လေး မင်္ဂလာမနက်ခင်းပါ"

"ဟုတ်ကဲ့ အဒေါ် . .အဒေါ် ဘာလ်ို့ဒီကိုရောက်
နေတာလည်း"

" အမယ်လေးမမလေး ရယ် ကျွန်မတို့ သူ့က်ု
နားပါဦးလို့ ပြောတာ နားမထောင်ဘူး"

"ဟုတ်သားပဲ အဒေါ် မာရီရယ် မနေ့ကမှ နေမကောင်း
လိူ့ဆေးခန်းပြထားတဲ့ဟာ အလုပ်ကို နောက်နေ့မှ
ဆင်းပါလို့ကျွန်မပြောထားတာကို"

မရှိမဖြစ် မင်း Where stories live. Discover now