Part 11

718 64 7
                                    

" ဂင်ချီတွေအကုန်လုံးနီးပါး ရောင်းထွက်သွားလို့
ဂုဏ်ယူပါတယ်ဂျိန်း"

"ကျေးဇူးပါပဲမာနိုဘန်. .ဒါတွေအကုန်လုံးရှင့်
ကျေးဇူးကြောင့်ပါ"

သူမ က ဘန့်အားတည့်တည့်ကြည့်ရင်း ပြုံးပြ
လိုက်သည်။

"အခု ကျွန်တော့် ကို ပြုံးပြလိုက်တာလားဟင် ဂျိန်း"

" ဘာတွေအဲ့ဒီလောက် ထူးဆန်းနေတာလည်း
ပြုံးပြတာလေးပဲကို"

"ဟာ ထူးတာပေါ့ဗျ ၊ သိပ်ကိုထူးတယ်
ဂျိန်းတစ်ခါမှကျွန်တော့်ကိုအခုလိုမပြုံးပြ ဖူးဘူးလေ"

" ရှင်ပြောတဲ့ ပုံစံက ကျွန်မ ကပဲစိတ်ပုတ်သလိုလိုနဲ့"

"မဟုတ်ပါဘူးဗျာ ကျွန်တော် ၀မ်းသာသွားလ်ို့ပါ"

" ရှင် ခင်းကျင်းထားပေးလို့ အခုလိုအချိန်မှီ
ကျွန်မတို့ရောင်းနိုင်လိုက်တာ အဲ့ဒီအတွက်ရှင့်
အပေါ်ကျေးဇူးတင်သွားပြီ
ကျွန်မ မနက်ဖြန် နေ့လည်စာ လိုက်ကျွေးပါရစေ"

"ခင်ဗျာ!!"

သူမ ရဲ့ သဘောမနောကောင်း နေမူကို အံ့ သြ မိသဖြင့် အာမေဍိတ်အသံ ကျယ်ကျယ် ထွက်မိသွား
သည်။ သူမက ဘန့်အား မျက်စောင်း ထိုးလိုက်ပြီး

"ဘာလို့အဲ့ဒီလောက် လန့်သွားတာလည်း
မစားဘူးဆိုလည်းနေတော့ လိုက်မကျွေးတော့ဘူး"

သူမ လှည့်ထွက်သွားမည်အလုပ်၊ ဘန် သူမ ရဲ့လက်
ကောက်၀တ်အား လှမ်းဆွဲထားလိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော် ဘယ်အချိန်ထွက်လာရမလည်းဟင်"

သူမက ဘန့်ရဲ့လက်ကိုဖယ်ချလိုက်ပြီး

" ကျွန်မနေတဲ့ ဟိုတယ် လိပ်စာ ကို မက်ဆေ့
ပို့လိုက်မယ် မနက်ဖြန်နေ့လည် ၁၂မထိူးခင်လာ
စောင့်နေပါ"

သူမ က ချိန်းဆိုပြီး ဘန့်ရှေ့မှထွက်သွားခဲ့သည်။

သူမနဲ့နေ့လည်စာအတူတူစားရမယ်ဆိုပဲ။
စိတ်ထဲမှာအတိုင်းမသိ ပျော်ရွှင်နေမိသည်။ မနက်ဖြန်
မရောက်မှီ ဒီနေ့ ည သန်းခေါင်မတိုင်ခင် အထိ
အ၀တ်အစား ရွေးခြင်းဖြင့် ဘန် အချိန်ကုန်နေခဲ့
သည်။ ရင်ခုန်တဲ့ စိတ်ကြောင့်တစ်နေ့လုံး တစ်ည
လုံးနေမထိထိုင်မသာ ဖြစ်နေခဲ့သည်။ ထိုညက ဘန်
တစ်ယောက်တော်ရုံနဲ့ အိပ်ရာမ၀င်ခဲ့။

မရှိမဖြစ် မင်း Where stories live. Discover now