"အစ်ကို ဒီကနေထွက်သွားမယ်ဆိူရင် ညီမလက်ကို
ဟောဒီဓါးနဲ့ဖြတ်ပစ်မှာနော်"
"ဟမ်း. . . .ဖြတ်လိုက်လေ . ."
မာနိုဘန် သည်နောက်သို့ လှည့်မကြည့်ဘဲ အဲ့ဒီနေရာမှချက်ချင်းထွက်လာခဲ့တော့သည်။ သူ၏စိတ်ထဲတွင်နံပါတ်၁ အရေးကြီးဆုံးမှာ ဂျိန်းပင်ဖြစ်သည်။
" ဒီနေရာက ဘယ်နေရာလည်း. .ကျစ်. .ဖုန်းလဲ
ကျန်ခဲ့ပြီထင်တယ်. .နေပါစေေတာ့. .
တွေ့တဲ့ကားတားရမှာပဲ"
လမ်းမှာ ဖြတ်သွားနေသည့် ကားတစ်စီးကိုတွေ့သည်နှင့်မာနိုဘန်သည် အလျင်အမြန်တားလိုက်လေသည်။
"ဘယ်ကိုသွားမလိူ့လည်း"
" ကျွန်တော် ဆိုလ်းကို သွားချင်လို့ပါ ကားကြုံခေါ်
သွားပေးပါဗျာ ကူညီပါနော်"
"ဒါဆိုလည်းတက်လေ"
ထိုသိူ့ဖြင့် ဆိုလ်းသို့ ကားကြုံဖြင့် မာနိုဘန်သည်
လိုက်ပါလာခဲ့တော့သည်။ အိမ်ထဲသို့ရောက်သည်နှင့်
မာနိုဘန်၏ဖခင်သည် လက်သီးဖြင့်ဆီးကြိုနှင့်လေ သည်။
"ခွပ်"
"ဖေဖေ"
"အဖေကြီး ရှင်ဘယ်လိုလုပ်လိုက်တာလည်း"
" မင်း ပြန်လာရဲသေးတယ်နော်. . . တောက်စ်. .
ဂျိန်း ကိုမှ မရရင်သေပါ့တော့မယ်ဆိုလိူ့ ငါတို့မှာတော့
မနည်းရအောင်လက်ထပ်ပေးထားရတာ မင်းကွာ
အခုတော့. .ေဆာယွန်းနဲ့လိုက်ပြေးတယ်ဟုတ်လား"
"မဟုတ်ပါဘူး ဖေဖေရယ် အဲ့ဒီလိုမဟုတ်ပါဘူး
သား သူနဲ့ခိူးပြေးသွားတာမဟုတ်ပါဘူး သားသူနဲ့
အတူတူရှိခဲ့တာတောင်မသိခဲ့ပါဘူး သူငယ်
ချင်းတွေနဲ့ အရက်သောက်ပြီးမူးနေတုန်း သားကို
ဆောယွန်းခေါ်သွားတာ သားကိုယ်တိုင်တောင်မသိ
လိုက်ပါဘူးဗျာ"
" တောက်စ် ယုတ်မာလိုက်တာ အဲ့ဒီမိန်းမ. .
သားလေး . .သားလေးဘာဖြစ်သွားသလည်းဟင်"
"သားဘာမှမ ဖြစ်ပါဘူးမေမေရယ်. . ဂျိန်း ဂျိန်းရော
ဟင်"
"သမီးလေး ဂျိန်း နယ်ကိုပြန်သွားပြီ သားရဲ့. .
ပြီးတော့ မင်း ပြန်လာရင် ပေးဖို့စာတစ်စောင်ချန်ထား
ခဲ့တယ်"
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
